ပွင့်လင်းမှုပန်းပွင့်လေး ပွင့်လန်းခါစမြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ များစွာကြံုကြရသလိုမြန်မာအလှမယ်လေးတွေဟာလည်း နိုင်ငံတကာစင် မြင့်ထက်မှာ အစွမ်းအစတွေပြသဖို့ အခွင့်အရေးတွေရရှိလာကြပါတယ်။
ပွင့်လင်းမှုပန်းပွင့်လေး ပွင့်လန်းခါစမြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ များစွာကြံုကြရသလို
မြန်မာအလှမယ်လေးတွေဟာလည်း နိုင်ငံတကာစင် မြင့်ထက်မှာ အစွမ်းအစတွေပြသဖို့
အခွင့်အရေးတွေရရှိလာကြပါတယ်။
ခုချိန်မှာတော့ နိုင်ငံတကာပွဲတွေဆီ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြတဲ့ မြန်မာမယ်လေးတွေဖြစ်တဲ့
နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါ တို့ဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရယူပြီး နိုင်ငံဂုဏ်ကို
ဆောင်နိုင်ခဲ့ပြီဖြစ်သလို နှစ်ပေါင်း ၅၀ ကျော် မြန်မာနိုင်ငံကနေ ပါ၀င်ယှဉ်ပြိုင်ခွင့်မရခဲ့တဲ့ Miss
Universe (မယ်စကြာဝဠာ) ပြိုင်ပွဲမှာလည်း မြန်မာကိုယ်စားပြု အလှမယ်ကို ဒီနှစ်ပွဲကစပြီး
စေလွှတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒီအတွက် Hello Madam မီဒီယာမှ ဦးစီးပြီး ကိုယ်စားပြုအလှ မယ်ရွေးချယ်မှုကို စတင်ပြုလုပ်
နေပြီဖြစ်ပါတယ်။ လူတွေစစ်ဆေးမှုကို စင်တင်ဘာလ ၁၃ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ဆန်ခါတင်
အယောက် ၂၀ (သို့) ၃၀ကို ရွေးချယ်သွားမှာဖြစ်တယ်လို့ Hello Madam မီဒီယာမှ အထွေထွေ
မန်နေဂျာ မသိန်းယုဝေကပြောပါတယ်။
ဆန်ခါတင်ရွေးချယ်ခဲ့ရတဲ့ မစ္စမြန်မာ တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ပြီး ၃၀ ရက်နေ့ထိ လူမှုရေးလှည့်လည်ဆောင်ရွက်တဲ့အလုပ် တွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
"ဘယ်နေရာတွေမှာ လုပ်သွားမယ်ဆိုတာကတော့ အကုန်လုံး မသိသေးပါဘူး။ ရန်ကုန်မြို့တွင်းမှာ
ပဲ ဖြစ်နိုင်သလို အချိန်ရရင် ရသလို နယ်ဘက်တွေသွားနိုင်အောင် ပြင်ဆင်ထားပါတယ်"လို့
မသိန်းယုဝေက မြန်မာတိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ကနေစပြီး အောက်တိုဘာ ၂ ရက်နေ့ထိ ပြိုင်ပွဲ-၀င် များကို အစမ်းလေ့
ကျင့်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့မှာတော့ နောက်ဆုံးအဆင့်ရွေး
ချယ်ပွဲကြီးကို ခမ်းနားစွာနဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။
ဒီနှစ်မယ်စကြာဝဌာပြိုင်ပွဲကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နိုဝင်ဘာလ အတွင်း ကျင်းပပြုလုပ်သွား
မှာဖြစ်တာကြောင့် ကိုယ်စားပြုမယ်ကို အချိန်တို လေးအတွင်း ရွေးချယ်ရမှာဖြစ်တယ်လို့ Hello
Madam မီဒီယာမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ပြောပါတယ်။
"အစပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲဝင်ခွင့်ရတဲ့အခါမှာ အချိန် အရမ်းကပ်နေတာကြောင့် ၂၀၁၄
မှ သွားပြိုင်မလို့ပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ Miss Universe Organization မှ
တာဝန် ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ဘက်က ၂၀၁၃ ခုနှစ်ပြိုင်ပွဲမှာပါ ပါ၀င်ဖို့ လိုလိုလားလား
ဖိတ်ခေါ်ခဲ့တာကြောင့် အခုလိုမျိုးစီစဉ်လိုက်ရတာပါ"လို့ ပြောပါတယ်။
အချိန်မလုံလောက်တဲ့ အခြေအနေမှာ ပြင်ဆင်လိုက်ရတာဖြစ်တာကြောင့် ရွေးချယ်ပြီးတဲ့စကာတင်
ပြိုင်ပွဲဝင်များကို အနီးကပ်လေ့ကျင့်ပေးဖို့အတွက် ကိုလည်း အချိန်သိပ်ရမှာမဟုတ်ဘူးလို့မသိန်းယု
ဝေ ကဆိုပါတယ်။
"အချိန်ကသိပ်မရှိတာကြောင့် စကာတင်ပြိုင်ပွဲဝင်တွေကို အနီးကပ် လေ့ကျင့်ပေးတဲ့အခါမှာ ၂ ပတ်
ပဲအချိန်ရမှာပါ။ ဒါပေမဲ့ သူတို့ကို ပြည်တွင်း၊ ပြည်ပက အမငေညနမ တွေက ကြပ်ကြပ်မတ်မတ်
လေ့ကျင့်ပေးမှာ ဖြစ်တာကြောင့် အကောင်းဆုံးတော့ ဖြစ်သွားမယ်လို့ထင်ပါတယ်"လို့ ပြောပါတယ်။
"ကျွန်မတို့ မဲပေးတဲ့စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီအစီအစဉ်ကိုတော့ M 188 Mobile
Applicaton Service မှ ပ့ံပိုးပေးထားတာဖြစ်ပြီး စကာတင်ရွေးချယ်ပြီးတဲ့ အချိန်မှစပြီး မဲပေးသွားနိုင်
မှာပါ။ ပရိသတ်ဆီက မဲအများဆုံးရရှိတဲ့ သူကတော့ Miss Popular ဆုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး
Miss Universe Myanmar ဆုရရှိသွားသူနဲ့ တူနေမလား၊ မတူဘူးလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့
စောင့်ကြည့်ရမှာပါ"လို့လည်း မသိန်းယုဝေက ဆိုပါတယ်။
ပြိုင်ပွဲဝင်မိန်းကလေးများအတွက် စည်းကမ်းကိုတော့ အသက် ၁၈နှစ်ပြည့် (အပျို) ဖြစ်ရမည်ဖြစ်ပြီး
အရပ် ၅ပေ ၆လက်မ ရှိရမယ်လို့သတ် မှတ်ထားပါတယ်။ နောက်ကြောင်းရာဇဝင်ဟာလည်း
ကောင်းမွန်ဖို့ လိုအပ်ပြီး မည်သည့်ပြစ်မှုမျိုးမှ မရှိသူဖြစ်ရပါမယ်တဲ့။
ပြိုင်ပွဲအတွက် ထူးဖောင်ဒေးရှင်းက ပံ့ပိုးပေးထားတာဖြစ်ပြီး ဆုတွေကတော့ Miss Universe
Myanmar အတွက် ကျပ်ငွေ သိန်း ၁၀၀ နဲ့ Honda fit ကားတစ်စီး၊ ပထမဆုအတွက် သိန်း ၅၀၊
ဒုတိယဆုအတွက် ၂၅ သိန်းနဲ့ ဆန်ခါတင်ပြိုင်ပွဲဝင်တွေကိုလည်း ၃ သိန်းစီ ချီးမြှင့်ပေးသွားမှာဖြစ်
ပါတယ်။
မယ်စကြာဝဠာ (မြန်မာ) ဟာ ပြိုင်ပွဲဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံ ကနေ အောက်တိုဘာလ
၁၇ ရက်နေ့မှာ ထွက်ခွာရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၁၉၅၉ ၊ ၁၉၆၀ နဲ့ ၁၉၆၁ ခုနှစ်တို့မှာ မြန်မာ
မယ်တွေပါ၀င်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၆၁ ခုနှစ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မယ်မြန်မာ ဒေါ်မြမြ ဟာ
အဲဒီနိုင်ငံတကာပြိုင်ပွဲကြီးမှာ Miss Congeniality ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။
















