ဩဂုတ် ၁၇ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ ဘီလာရုစ်နိုင်ငံမှာ ကျင်းပ ခဲ့တဲ့ Miss Supranational 2013 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုမယ် ခင်ဝင့်ဝါဟာ ဆုတွေတစ်ပွေ့ တစ်ပိုက်နဲ့ အိမ်အပြန်မျက်နှာပန်းလှ ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ။
ဩဂုတ် ၁၇ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ ဘီလာရုစ်နိုင်ငံမှာ ကျင်းပ ခဲ့တဲ့ Miss
Supranational 2013 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုမယ် ခင်ဝင့်ဝါဟာ ဆုတွေတစ်ပွေ့
တစ်ပိုက်နဲ့ အိမ်အပြန်မျက်နှာပန်းလှ ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ။
ကမ္ဘာ့အလှမယ်ပြိုင်ပွဲကနေ ဆုတွေအများဆုံးရရှိခဲ့တဲ့ မြန်မာအလှမယ်အဖြစ်လည်း မှတ်တမ်းဝင်
သွားခဲ့ပါပြီ။ နိုင်ငံပေါင်း ၈၅ နိုင်ငံက အလှမယ်တွေ ပါ၀င်ယှဉ်ပြိုင်ကြတဲ့ပွဲမှာ မြန်မာ အလှမယ်
ခင်ဝင့်ဝါဟာ Miss Internet ဆု၊ Most Beautiful Girl in the World ဆု၊ People Choice
ဆုနဲ့ Face of Supranational 2013 ဆုလေးဆုကိုသိမ်းပိုက်ပြီး စက်တင်ဘာ ၈ ရက်က
မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
ရက်ရှည်လေ့ကျင့်ရေးဝင်ပြီး ယှဉ်ပြိုင်ခဲ့ရတာကြောင့် ပြိုင်ပွဲနေ့တွေမှာ ကတည်းက နေမကောင်း
ဖြစ်နေခဲ့ သလို မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ လည်း အနားယူဖို့လိုအပ်နေသေးတဲ့ ခင်ဝင့်ဝါက
"အခုလို နိုင်ငံတကာပြိုင်ပွဲ မှာ ဆုတွေ ဆွတ်ခူးလာနိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ၀မ်းသာဂုဏ်ယူ
မိပါတယ်။ Miss Supranational Myanmar Organization အဖွဲ့သားတွေနဲ့ ပံ့ပိုးကူညီမဲပေးကြတဲ့
ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါ တယ်"လို့ မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။
ပြိုင်ပွဲရက်ကြီးမှမဟုတ်ဘဲ လေ့ကျင့်ရေးဝင်နေတဲ့ကာလတွေမှာပါ အမှတ်ပေးစနစ်နဲ့ နေထိုင်ခဲ့ရပေ
မယ့် သူ့ အတွက်တော့ အခက်အခဲကြီးကြီး မားမား မကြံုခဲ့ရပါဘူးလို့လည်း ဆိုပါတယ်။
"အစားအသောက်ကလွဲရင် ကြီးမား တဲ့အခက်အခဲတော့ မရှိပါဘူး။ ၂၄ နာရီလုံးလုံး ဒီဘက်
(မြန်မာနိုင်ငံ)က Miss Supranational Myanmar Organization အဖွဲ့နဲ့ အဆက်အသွယ်ရှိနေ
တော့ ဘာလုပ်လုပ်သူတို့နဲ့ တိုင်ပင်ပြီးမှ လုပ်ခဲ့တာပါ။ ဘီလာရုစ်နိုင်ငံ က အစားအသောက်က
တော့ ခင်ဝင့်ဝါ လုံးဝ မစားတတ်ခဲ့ပါဘူး။ ရေကလည်း ပိုးသတ်ထားတဲ့ Biowater တွေပဲ
သောက်ရတော့ ငန်ပြီး အဆင်မပြေပါဘူး"လို့ ခင်ဝင့်ဝါက သူကြံုတွေ့ခဲ့ရတဲ့ အခက်အခဲတချို့ကို
ပြောပါတယ်။
Miss Supranational Myanmar Organization မှ နေရှင်နယ်ဒါရိုက် တာ ကိုဟန်ဇော်လတ်
ကတော့ ပထမ ဆုံးစီစဉ်တဲ့ နိုင်ငံတကာအဆင့် မယ် ပြိုင်ပွဲမှာ ဆုတံဆိပ်များစွာ ဆွတ်ခူး နိုင်
ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ရပါ တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အခက် အခဲတွေလည်း ကြံုတွေ့
ခဲ့ရတယ်လို့ ဆိုပါတယ်။ "အဓိက အခက်အခဲကတော့ ကျွန်တော်တို့ အသက်အရမ်းငယ်နေတာ
ပါ။ အလုပ်ကိစ္စတစ်ခုခု ပြောမယ်ဆိုရင် အမြဲကြံုရတဲ့အခက်အခဲက တစ်ဖက်လူက ကိုယ့်ကိုကြည့်
ပြီး ဖြစ်ရောဖြစ်ပါ့မလားလို့ တွေးနေတာပါပဲ။
ကျွန်တော်တို့ ဒီပွဲကို ၀င်ပြိုင်ခွင့်လျှောက်တော့ World Beေuty Association က လိုင်စင်ပေးတဲ့
အချိန် မှာ အသက်အငယ်ဆုံး နေရှင်နယ် ဒါရိုက်တာဆိုပြီး ကျေကျေနပ်နပ်နဲ့ ပေးခဲ့တာပါ။ ဒါပေမဲ့
အသက်အရွယ် သာ ဒီထက်ပိုကြီးမယ်ဆိုရင် အလုပ်လုပ်ရတာ ပိုအဆင်ပြေမှာ အမှန်ပါပဲ" လို့
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကိုဟန် ဇော်လတ်က သူ့ခံစားချက်ကို ပြောပါ တယ်။
ဘီလာရုစ်နိုင်ငံကိုတော့ လျှောက်လွှာတင်ချိန်နောက်ကျတဲ့ အခက်အခဲတချို့ကြောင့် ခင်ဝင့်ဝါနဲ့
အတူ လိုက်မသွားဖြစ်ပေမယ့် မြန်မာနိုင်ငံကနေ အချိန်နဲ့တပြေးညီ စီစဉ်အကြံပေးနေတယ်လို့ ဆို
ပါတယ်။
"နေရှင်နယ်ဒါရိုက်တာတွေ လိုက်ဖို့ က လျှောက်လွှာသက်သက်တင်ရတာ ကို ကျွန်တော်တို့ဘက်
က နောက်ကျသွားတော့ ခင်ဝင့်ဝါနဲ့အတူ မလိုက် ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲမှာ မေးနိုင် တဲ့မေးခွန်း
အမျိုးအစားတွေကို အစ ကတည်းက သေချာပြင်ဆင်လေ့ကျင့် ပေးခဲ့သလို အချိန်တိုင်းလည်း
အဆက် အသွယ်ရှိနေခဲ့ပါတယ်"လို့ ကိုဟန်ဇော် လတ်က ပြောပါတယ်။
ပြိုင်ပွဲမှာ Miss Internet ဆုအတွက် မဲပေးရွေးချယ်ရာမှာ အွန်လိုင်းကနေ ငွေပေးချေပြီး တရားဝင်
မဲပေးရတာ ဖြစ်ပါတယ်။ ဒီဆုအတွက်ကို ကမ္ဘာပေါ် မှာ credit card ပိုင်ဆိုင်မှုအနည်းဆုံး နိုင်ငံ
တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက မဲအရေအတွက် ၃,၆၀၀ နဲ့ ဒုတိယ လိုက်နေတဲ့ ထိုင်းနိုင်ငံမယ်ကို
အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ကျန်တဲ့ဆုသုံးဆုကိုတော့ အခမဲ့ မဲပေးစနစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီလိုမဲပေးခဲ့မှုကြောင့်
ကမ္ဘာ့နိုင်ငံ တွေအနေနဲ့ မြန်မာနိုင်ငံရဲ့စည်းလုံးမှု ကို အသိအမှတ်ပြုရာကနေတစ်ဆင့် နိုင်ငံ့စီးပွား
ရေးနဲ့ ခရီးသွားလုပ်ငန်းတွေကိုပါ စိတ်ဝင်စားလာနိုင်တယ်လို့ ကိုဟန်ဇော်လတ်က ပြောပါတယ်။
"ဒီနှစ် တာထွက်ကောင်းခဲ့သလို နောက်နှစ်တွေမှာလည်း ဒီလိုပြိုင်ပွဲတွေစီစဉ်ချင်ပေမယ့် ကျွန်တော်
တို့ လူနည်းစုလေးနဲ့ပဲ လုပ်ဆောင်နေလို့ မဖြစ်ပါဘူး။ အစစအရာရာမှာ ပံ့ပိုး ကူညီမှုတွေ၊ လိုအပ်မှု
တွေရှိနေသေးတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းစေချင် ပါတယ်"
လို့ နေရှင်နယ်ဒါရိုက်တာ ကိုဟန်ဇော်လတ်က ဖိတ်ခေါ်စကား ဆိုခဲ့ပါတယ်။
Miss Supranational 2013 ပြိုင်ပွဲရဲ့ မယ်ဆုကို ဆွတ်ခူးသွားတဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံကိုယ်
စားပြု ယှဉ်ပြိုင်သူMs Mutya Johama Datu ဖြစ်ပြီး ဒုတိယဆုနဲ့ တတိယဆု တွေကိုတော့ မက္က
ဆီကိုနဲ့ တူရကီနိုင်ငံ တွေမှ အလှမယ်တွေက ဆွတ်ခူးသွား ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ
မှာ ကျင်းပ ခဲ့တဲ့ မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက နန်းခင်ဇေယျာ ပါ၀င် ယှဉ်ပြိုင်ခဲ့ရာ
Miss Internet ဆုနဲ့ People Choice ဆုတွေကို ရရှိခဲ့ ပါတယ်။

















