အဆိုဝါသနာပါပြီး စင်ပေါ်တက်နိုင်ဖို့ အခွင့်ကောင်းရှာဖွေသူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ အချစ်သီချင်းကောင်းတွေ ဖန်တီးနေ တဲ့ တေးရေးမေသော်က သူနောက်ထပ် စီစဉ်မယ့် တေးစီးရီးအတွက် သီချင်းဆို ပြိုင်ပွဲကျင်းပပြီး အဆိုတော်သစ် တစ်ဦးကို ရှာဖွေသွားမှာဖြစ်ပါတယ်။
အဆိုဝါသနာပါပြီး စင်ပေါ်တက်နိုင်ဖို့ အခွင့်ကောင်းရှာဖွေသူတွေအတွက် သတင်းကောင်းတစ်ခု
ရှိပါတယ်။ အချစ်သီချင်းကောင်းတွေ ဖန်တီးနေ တဲ့ တေးရေးမေသော်က သူနောက်ထပ် စီစဉ်မယ့်
တေးစီးရီးအတွက် သီချင်းဆို ပြိုင်ပွဲကျင်းပပြီး အဆိုတော်သစ် တစ်ဦးကို ရှာဖွေသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ဦးရေ ၂၀၀ အထိ လက်ခံ သွားမှာဖြစ်ပြီး အသံစစ်ဆေးမှုပြု လုပ်ပြီး အယောက် ၃၀ ကို
ရွေးထုတ် သွားမယ်လို့ ပြိုင်ပွဲအစီအစဉ်ကို တေးရေးမေသော်က ပြောပြပါတယ်။ အယောက် ၃၀
ထဲကမှ ခြောက်ဦးကိုရွေးချယ်သွားမှာဖြစ်ပြီး အခမ်းအနားနဲ့ ကျင်းပမယ့် နောက်ဆုံးပွဲစဉ်မှာ ထပ်
မံပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမဆု၊ ဒုတိယ၊ တတိယဆုနဲ့ နှစ်သိမ့်ဆုနှစ်ဆုကိုပါ ချီးမြှင့်သွားမှာဖြစ်
ပါတယ်။
"ဒီပြိုင်ပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက် က သီချင်းကို အမှန်တကယ်ဆိုတတ် တဲ့ အဆိုရှင်ကောင်း
တွေကို ဂုဏ်ပြုတင်ဆက်ချင်တာရယ်၊ သူတို့လေးတွေ ကို သူတို့နဲ့ထိုက်တန်တဲ့ နေရာကောင်း
တွေကို ရောက်ရှိသွားစေချင်တာ ကြောင့်ပါ"လို့ မမေသော်ကဆိုပါတယ်။ ပထမဆုရရှိသူဟာ
ဆုငွေ ၁၀ သိန်း ရရှိမယ့်အပြင် တေးစီးရီးထဲမှာလည်း ပါ၀င်ခွင့်ရရှိမှာဖြစ်ပါတယ်။
"တစ်ခွေလုံးမှာ သူတစ်ယောက်တည်းပဲဖြစ်မလား၊ နှစ်ပုဒ်၊ သုံးပုဒ်လောက်ပဲ ဖြစ်မလားဆိုတာ
တော့ အစ်မတို့ရတဲ့ သူရဲ့အရည်အချင်းပေါ် မှာ မူတည်ပြီးဆုံးဖြတ်သွားမှာပါ"လို့ မမေသော်က
ပြောပါတယ်။
ပြိုင်ပွဲလျှောက်လွှာတွေကို ဒီလ ၂၆ ရက်နေ့အထိ MRTV-4 ၊ ပြည်လမ်းမှာ သွားရောက်ဝယ်ယူပြီး
လျှောက်ထားနိုင် ပါတယ်။ တေးဆိုပြိုင်ပွဲရဲ့နောက်ဆုံး အဆင့် ဖျော်ဖြေပွဲအစီအစဉ်တွေကို
MRTV-4 မှာ အောက်တိုဘာလနဲ့ နိုဝင် ဘာလတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်
ပါတယ်။















