"ညတိုင်း နေ့တိုင်း ..ပြောစရာစကား ဆိုလို့ ဒါပဲရှိတယ်။ အဲဒါက ဘယ်အချိန် အိမ်ပြန်ခွင့်ရမလဲဆိုတာပါ"လို့ ၀ဲနေတဲ့မျက်ရည်ကို ပုတ်ခတ်လိုက်ရင်း ကချင်ဒုက္ခသည်စခန်းတစ်ခုမှာ နေ ထိုင်နေတဲ့ တိုင်းရင်းသူအမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။
"ညတိုင်း နေ့တိုင်း ..ပြောစရာစကား ဆိုလို့ ဒါပဲရှိတယ်။ အဲဒါက ဘယ်အချိန် အိမ်ပြန်ခွင့်ရမလဲ
ဆိုတာပါ"လို့ ၀ဲနေတဲ့မျက်ရည်ကို ပုတ်ခတ်လိုက်ရင်း ကချင်ဒုက္ခသည်စခန်းတစ်ခုမှာ နေ ထိုင်နေ
တဲ့ တိုင်းရင်းသူအမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။
ဒါကတော့ တတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်း ဆုံး မှတ်တမ်းရုပ်ရှင်ဆု
ကို ဆွတ်ခူးခဲ့ တဲ့ ဒါရိုက်တာ ရှင်ဒေဝီရဲ့ "Take me home" မှတ်တမ်းရုပ်ရှင်ထဲက ရင်နင့်ဖွယ်ရာ
ပြကွက်တစ်ခုပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ ၀ဇီရာ
ရုပ်ရှင် ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၀ဿန်ရုပ်ရှင် ပွဲတော်မှာ ပြိုင်ပွဲဝင်မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို
နဲ့ အယ်နီမေးရှင်း အားလုံးပေါင်း ၄၃ ကား ရှိခဲ့ပြီး အဲဒီထဲကမှ ဆန်ခါတင်ကား ၂၀ ကို ပွဲတော်ကာ
လအတွင်းမှာ ပရိသတ်တွေကို ပြသခဲ့ပါတယ်။
ပွဲတော်နောက်ဆုံးနေ့ မှာတော့ ဆန်ခါတင်ကားတွေထဲမှ ထပ်မံရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဇာတ်
ကားသုံးကားကို ကြေညာပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့တာ ဖြစ်ပါ တယ်။ အကောင်းဆုံး မှတ်တမ်း
ရုပ်ရှင်ဆု ကို ဆွတ်ခူးခဲ့တဲ့ ဒါရိုက်တာ ရှင်ဒေဝီက သူ ဒီဆုကို လုံးဝမမျှော်လင့်ခဲ့ဘူးလို့ ဆုလက်ခံ
အပြီးမှာ ပြောခဲ့ပါတယ်။
"ဒါက ကျွန်မတစ်ယောက်တည်းရတဲ့ဆုမဟုတ်ပါဘူး။ တိုက်ပွဲတွေဖြစ် နေတဲ့ကြားက မကြောက်
မရွံ့၊ ပိုက်ဆံ တစ်ပြားမှမယူဘဲ၊ ကြိုတင်သုတေသန လုပ်ထားတာမျိုးလည်း မဟုတ်ဘဲ သက်စွန့်
ဆံဖျားလိုက်ရိုက်ကူးပေးခဲ့တဲ့၊ ငါးရက်အတွင်း ကျွန်မ တင်ပြချင်တာ တွေကိုရအောင် ကူညီပေးခဲ့
တဲ့ ကင်မ ရာမန်း ကိုခင်မောင်ကျော်နဲ့ ကိုဇော်ဝင်း ထွေးတို့လည်း ဒီဆုနဲ့ သက်ဆိုင်ပါ တယ်"လို့
ရှင်ဒေဝီက ပြောပါတယ်။
အကောင်းဆုံး ဇာတ်လမ်းတိုဆုကိုတော့ ဒါရိုက်တာ စိုးမိုးအောင် ရိုက်ကူးထားတဲ့ မပြေလည်တဲ့
မိသားစုတစ်စု ရဲ့ဇာတ်လမ်း "Next Month" က ရရှိ ခဲ့ပေမယ့် ဆုရှင်ကတော့ ခရီးလွန်နေ
တာကြောင့် ဆုပေးပွဲကို၊မတက်ရောက် နိုင်ခဲ့ပါဘူး။ ကဗျာဆရာ ညီပုလေးရဲ့ ကဗျာရွတ် ဆိုသံ၊
သဘာဝပတ်ဝန်းကျင်နှင့် ငှက် ကြည့်ပညာရှင် ဦးစိုးညွန့် ရှင်းပြတဲ့ ငှက် နဲ့ သဘာဝပြောင်းလဲမှု
တွေအကြောင်း၊ စာနယ်ဇင်းဆရာ ဦးရဲမိုးရဲ့ပွင့်လင်းတဲ့ အမြင်နဲ့ ဒေသခံဘဝတွေရဲ့ ညည်းတွား
သံတွေကိုထင်ဟပ်ထားတဲ့ ဒါရိုက်တာ တေဇာနဲ့ ဖေမောင်စိမ်းတို့ရဲ့"The River Our
Ayeyarwaddy" မှတ် တမ်းရုပ်ရှင်ကတော့ အမြင်သစ် တင်ဆက်နိုင်မှုဆု (New Version
Award) ရရှိခဲ့ပါတယ်။
ဒီနှစ်ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ ပြိုင်ပွဲဝင်ဇာတ်ကားတွေအတွက် အကဲဖြတ်ဒိုင်တွေအဖြစ် ဂျပန်နိုင်ငံမှ
အနုပညာပြတိုက်မှူး Keiko Sei ၊ ဂျာမနီနိုင်ငံ Oberhausen ရုပ်ရှင်ပွဲတော်တာဝန်ခံ Henrik Gass၊
အနုပညာနှင့် ယဉ်ကျေး မှုတက္ကသိုလ် ပါမောက္ခ ဦးမြင့်သိန်းဖေ၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ငြိမ်းမင်း
နဲ့ ရွှေအမြုတေနဲ့ အလင်းတန်း အယ်ဒီ တာချုပ် ဦးဝင်းငြိမ်းတို့က ဆောင်ရွက် ခဲ့ကြပါတယ်။
"ဆုရဇာတ်ကားတွေမှာ သာမန်ရုပ် ရှင်တွေမှာ မမြင်ရတဲ့ တင်ဆက်ပုံဆန်း တွေ၊ ကိုယ်ပြချင်တဲ့
အကြောင်းအရာကို ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီး ဇာတ်လမ်းဖွဲ့ တင်ဆက်ပုံတွေ အရမ်း
ကောင်းပါတယ်။ နောက်ပြီး New Version Award ရတဲ့ ဧရာဝတီအကြောင်း ရိုက်ထားတာ
ဆိုရင် ဓာတ်ပုံ တွေ၊ ရှင်သန်လှုပ်ရှားမှုတွေ၊ ဘဝတွေ၊ ကဗျာတွေ အချိတ်အဆက်မိမိတင်ပြ
နိုင်တယ်"လို့ ဒိုင်တစ်ဦးဖြစ်တဲ့ Keiko Sei က ပြောပါတယ်။

၀ဿန်ရုပ်ရှင်ပွဲတော်ရဲ့ ပွဲတော်တာဝန်ခံ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ မသူသူရှိန်က နှစ်အနည်းငယ်
အတွင်းမှာ ရန်ကုန်မြို့က ရုပ်ရှင်ရုံအရေအတွက် ကျဆင်းသွားခဲ့ပြီး လွတ်လပ်စွာ ရိုက်ကူးတင်
ဆက်ထားတဲ့ မှတ်တမ်းရုပ်ရှင် တွေပြသဖို့ ကန့်သတ်ခံနေရတယ်လို့ ပြောပါတယ်။
"အခုဆုရတဲ့ ဇာတ်ကားတွေနဲ့ ပြိုင်ပွဲ ၀င်ဇာတ်ကားတွေကနေ စိတ်လှုပ်ရှား စရာ ခံစားမှုတစ်ခုခု
ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ၀ဿန်ရုပ်ရှင်ပွဲ တော်က မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ် လမ်းတို
တွေ ပြသဖို့ နေရာလေး တစ်နေရာဖြစ်ဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ အခု လမ်းစကို မြင်နေရပေမယ့် ရပ်
နေလို့မရပါဘူး။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ ကျွန်မတို့ ဆက်ချီတက် ရပါဦးမယ်"လို့
ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်ပွဲတော်လို့ လူသိ များတဲ့ ၀ဿန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ
စတင်ကျင်းပ ခဲ့ပြီး ဒီနှစ်ပွဲတော်ဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
















