နှစ်လရှည်များ အချိန်ယူရိုက်ကူးခဲ့တဲ့ 'ကယန်းအလှ'ဇာတ်ကားကြီးကို ရုံတင် နိုင်ချိန်မှာ နောက်ထပ်ဇာတ်ကားတစ်ကားကို ထပ်ပြီးရိုက်ကူးသွားမယ်လို့ ဒါရိုက်တာအောင်ကိုလတ်က ပြော ပါတယ်။
နှစ်လရှည်များ အချိန်ယူရိုက်ကူးခဲ့တဲ့ 'ကယန်းအလှ'ဇာတ်ကားကြီးကို ရုံတင် နိုင်ချိန်မှာ နောက်
ထပ်ဇာတ်ကားတစ်ကားကို ထပ်ပြီးရိုက်ကူးသွားမယ်လို့ ဒါရိုက်တာအောင်ကိုလတ်က ပြော ပါ
တယ်။
ဇာတ်ကားသစ်ရဲ့ အမည်ကို 'ကျွန်တော့်နာမည် မောင်ကြည်လင်' လို့ပေးထားပြီး ဘဝသရုပ်ဖော်
ဇာတ် ကားဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ် ညွှန်းကို သူကိုယ်တိုင်ပဲ ရေးသားထား ပြီး ကယန်း
အလှမှာ လက်တွဲခဲ့သူ ံနခအသမ ဃမေသျျသ ကပဲ ပြင်ဆင်တည်းဖြတ်ပေးတယ်လို့လည်း
ဆိုပါတယ်။
"ကျွန်တော့်နာမည်မောင်ကြည်လင် ဆိုတဲ့ဇာတ်ကို ကယန်းအလှမရိုက်ခင် ကတည်းက လွန်ခဲ့တဲ့
၁၉၉၇ လောက်ကတည်းက ရေးထားတာပါ။ တိုင်းပြည် အခြေအနေပြောင်းလဲသွားတော့ လက် ရှိ
မောင်ကြည်လင်လည်း ပြောင်းလဲ သွားမှာပေါ့။ ကျွန်တော်တို့ ဒီဇာတ် လမ်းကို ပြင်လိုက်ပြန်ရေး
လိုက် လုပ်နေ တာ ရှစ်ကြိမ်လောက် ရှိသွားပြီ"လို့ ဦးအောင်ကိုလတ်က မြန်မာတိုင်း(မ်)ကို ပြော
ပါတယ်။
မြန်မာကလေးတစ်ယောက်ရဲ့နှလုံး သားက ဘယ်လိုဆိုတာကို ပုံဖော်ရိုက် ကူးသွားမှာဖြစ်တယ်
လို့ဆိုပြီး ဇာတ် ပြိုင်အဖြစ် ပြည်ပက ကလေးတစ်ဦးကို ထည့်သွင်း ရိုက်ကူးသွားမယ်လို့လည်း
ပြောပါတယ်။
မတူညီတဲ့နိုင်ငံနှစ်နိုင်ငံ က ကိုးနှစ်အရွယ် ကလေးနှစ်ယောက် ရဲ့ ကွဲပြားတဲ့ယဉ်ကျေးမှုတွေနဲ့ ဘဝ
ကွာခြားပုံကိုလည်း စွန့်စားခန်းတွေနဲ့ ပေါင်းစပ်ဖော်ပြသွားတယ်လို့ ဆိုပါ တယ်။
"ဒီဇာတ်ကားက အသကမငျအ အေအမခေအငသည အတွက် ရိုက်တာ မဟုတ်ဘူး။ မောင်ကြည်
လင်အတွက်၊ မြန်မာကလေးတွေအတွက် ရိုက်တာ။ အဲဒါကို အမေရိကန်က ဲငာာပ ဆိုတဲ့ကောင်
လေး တစ်ယောက်နဲ့ ဇာတ်ပြိုင်ရိုက်ထားတာ။ ပုဂံက ကလေးတွေ နိုင်ငံခြားသားဧည့်သည်တွေကို
အင်္ဂလိပ်စကားပြောပြီး ရှင်းပြသလိုမျိုးတွေပါ ထည့်ထားတယ်။
အဓိက ကလေးနှစ်ယောက် စလုံးက အင်္ဂလိပ်စကားပြောမှာ။ ဒီအနုပညာရပ်ဝန်းနဲ့ ဘာမှမသက်
ဆိုင်တဲ့ ကလေးတွေကို ထည့်သုံးမှာဖြစ်တဲ့ အတွက် အခက်အခဲကတော့ ရှိမှာပါ ပဲ။ လူကြီးတောင်
မှ သုံးလေးယောက် လောက်ပဲပါမယ်။ ကလေးတွေရဲ့ စွန့်စားမှုဆန်ဆန် ဇာတ်ကားလေးပါ။ နိုင်ငံ
ခြားက ကလေးပါပါမယ်ဆိုတော့ စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်"လို့လည်း ဦးအောင်
ကိုလတ်က ပြောပါတယ်။
ဇာတ်လမ်းအတွက် လိုအပ်တဲ့အဓိကသရုပ်ဆောင် ကလေးငယ်ကိုလည်း ပုဂံမှာနေထိုင်တဲ့
ကလေးငယ်တွေထဲ ကနေ ရွေးချယ်နေတယ်လို့လည်း ပြော ပြပါတယ်။ ရိုက်ကူးရေးကို ၂၀၁၄
ခုနှစ်၊ ဇန်န ၀ါရီလမှာ စတင်ရိုက်ကူးသွားမယ်လို့ ဆိုပြီး အဲဒီနှစ်ထဲမှာပဲ ပြသနိုင်အောင် လည်း
ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးနေရာတွေကိုတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု
အထင်ကရ နေရာတွေဖြစ်တဲ့ ပုဂံနဲ့ ပုပ္ပားတို့မှာ စီစဉ် ထားတယ်လို့ ဆိုပါတယ်။















