လူကုန်ကူးမှု တိုက်ဖျက်ကြစို့

လူကုန်ကူးမှု တိုက်ဖျက်ကြစို့

စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် 'ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့' အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတိုင်းကို လှူဒါန်းနိုင်မယ့် ရန်ပုံငွေ "Wall of Pledge" အစီအစဉ်တစ်ရပ်ကို City Love & Hope Foundation က ...

စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် 'ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့' အထိမ်း
အမှတ်အဖြစ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတိုင်းကို လှူဒါန်းနိုင်မယ့်
ရန်ပုံငွေ "Wall of Pledge" အစီအစဉ်တစ်ရပ်ကို City Love & Hope Foundation က မြန်မာ
နိုင်ငံရဲတပ်ဖွဲ့ (လူကုန်ကူးမှုတိုက်ဖျက်ရေးဗဟို)နှင့် နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့
များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ရန်ပုံငွေအဖြစ် ဆေးသုတ်ထားတဲ့လက်ဝါးရာတစ်ခုကို ကျပ် ၁,၀၀၀ နှုန်းနဲ့ ပါ၀င် လှူဒါန်းနိုင်တဲ့
အစီအစဉ်ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေရှိ စီးတီးမတ်နဲ့ Ocean ဆိုင်ခွဲတွေမှာ စက်တင်ဘာလ ရ
ရက်နဲ့ ၈ ရက်နေ့တွေမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဓာတ်ပုံ အောင်ဌေးလှိုင်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး