မေရီချက်ပ်မင် ဆွံ့အနားမကြား ကျောင်းဝင်းထဲက အဆောက်အအုံ တစ်ခုထဲမှာ ဖြူ၊ စိမ်းကျောင်းဝတ်စုံနဲ့ ကလေးငယ်တစ်သိုက်ဟာ နန်းခင်ဇေယျာရဲ့ပုံတူကို လက်မှုအနုပညာရှင် တွေ ပန်းချီဆွဲ၊ ပန်းပုထုလုပ်နေကြတာ ကို တချို့က ထိုင်လို့တစ်မျိုး၊ တချို့က တော့ မိုးတိုးမတ်တတ်ရပ်လို့တစ်ဖုံကြည့်ရှုရင်း ...
မေရီချက်ပ်မင် ဆွံ့အနားမကြား ကျောင်းဝင်းထဲက အဆောက်အအုံ တစ်ခုထဲမှာ ဖြူ၊ စိမ်းကျောင်း
၀တ်စုံနဲ့ ကလေးငယ်တစ်သိုက်ဟာ နန်းခင်ဇေယျာရဲ့ပုံတူကို လက်မှုအနုပညာရှင် တွေ ပန်းချီဆွဲ၊
ပန်းပုထုလုပ်နေကြတာ ကို တချို့က ထိုင်လို့တစ်မျိုး၊ တချို့က တော့ မိုးတိုးမတ်တတ်ရပ်လို့တစ်ဖုံ
ကြည့်ရှုရင်း စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ်။
စိတ်ဝင်တစားကြည့်နေကြရင်းက အချင်းချင်း လက်ဟန်ခြေဟန်တွေနဲ့ရော၊ မျက်နှာအမူအရာ
ဟန်ပန်တွေနဲ့ပါ သူတို့ရဲ့အမြင်တွေကို အားရပါးရ ဖလှယ်ကြဟန်က အပြစ်ကင်းစင်ပြီး ချစ်စရာ
လည်း ကောင်းလွန်းလှပါ တယ်။ ပုံတူပန်းချီ၊ပန်းပု လက်တွေ့ဖန်တီးပွဲကို စကားလည်း မပြောနိုင်၊
နား လည်း မကြားနိုင်တဲ့ ဒီကလေးငယ်တွေ ကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးဖို့အတွက် ရည်
ရွယ်ကာ ပန်းချီဆရာ ရွှေမြင့်နဲ့ ပန်းပုဆရာ ကျော်ကျော်မင်းတို့က ဦးဆောင်ကာ စက်တင်ဘာလ
၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဧည့်သည်ပန်းချီဆရာများအနေနဲ့ ပန်းချီဆရာ ကိုသာစန်းနဲ့ ဦးစိုးပိုင်တို့ လည်း ပါ၀င်ပြီး ပန်းချီရေး
ဆွဲခဲ့သလို နိုင်ငံတကာမယ်ပွဲကနေ ဆုတွေရရှိ ခဲ့တဲ့ နန်းခင်ဇေယျာက မော်ဒယ် အနေနဲ့ ပါ၀င်
လုပ်အားပေးခဲ့တာ ဖြစ် ပါတယ်။ ဒီလို ပန်းပုထုလုပ်ပြခြင်း၊ ပန်းချီရေးဆွဲပြခြင်းတွေကြောင့် ချက်
ချင်း တတ်မြောက်သွားနိုင်တာမျိုးမဟုတ်ပေမယ့် ကလေးငယ်တွေရဲ့စိတ်ထဲမှာ အနုပညာကို ပိုပြီး
စိတ်ဝင်စားလာတာ မျိုး ဖြစ်စေနိုင်တာကြောင့် ဒီလိုရေးဆွဲ၊ ထုလုပ်ပြရခြင်းဖြစ်တယ်လို့ ပန်းပုပညာ
ရှင် ကိုကျော်ကျော်မင်းက ပြော ပါတယ်။
"ဒီကျောင်းက နားမကြားတဲ့ကလေး တွေကျောင်း၊ နားမကြားတော့ သူတို့က စကားပြောစွမ်းရည်
ပျောက်ဆုံးနေ တယ်။ ဒါပေမဲ့ သူတို့မှာ အမြင်စွမ်းအင် ရှိတယ်။ ဒီပန်းပုပညာကလည်း အမြင်ကိုပဲ
အသုံးချပြီး၊ အမြင်ပညာတစ်ခုကိုပဲ အဓိကထားပြီး သုံးကြတာလေ။
အဲဒါကြောင့် ကလေးတွေက နားမကြား လည်း ကိစ္စမရှိဘူး။ စကားမပြောနိုင်လည်း ကိစ္စမရှိဘူး။
သူတို့ကို အမြင်ပညာနဲ့ ဒီလိုလုပ်လို့ရတယ်ဆိုတာကို ပန်းချီ၊ ပန်းပုပညာနဲ့ စိတ်ဓာတ်ရေးရာ မြှင့်
တင်ပေးတဲ့ သဘောအနေနဲ့ လာ သင်ပေးတာပါ။ တစ်ကြိမ်ထက်တစ်ကြိမ် ကလေးတွေရဲ့ စိတ်
၀င်စားမှု အရှိန် မြှင့်လာမယ်။ နောက်ဆိုရင် ကျွန်တော်တို့လိုမျိုး လိုက်ထုနိုင်မှာပါ" လို့လည်း ပြော
ပါတယ်။
ဒီကျောင်းက ကလေးငယ်တွေ အတွက် ခုလိုပွဲမျိုးလေးကို ကျင်းပပေး တာ ဒုတိယမြောက်ဖြစ်ပြီး
ပထမဆုံး အကြိမ်ပွဲကိုတော့ တပ်မတော်ခန်းမမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း မေရီချက်ပ်မင် ရဲ့ဦးစီးမှုနဲ့
ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
"အဲဒီ ပထမတစ်ခေါက်တုန်းက တော့ ကလေးတွေက ပန်းချီကိုပဲ ပိုစိတ် ၀င်စားကြတယ်။ ပန်းပုကို
သိပ်ပြီးစိတ်မဝင်စားကြဘူး။ သူက အရောင်တွေလည်းစုံပြီး လှလှပပထွက်လာတယ်ဆိုတော့ သူ
တို့က ပန်းချီကို ပိုစိတ်ဝင်စား ကြတယ်"လို့ ကလေးတွေနဲ့ သူ့ရဲ့ပထမ ဆုံးအတွေ့အကြံုကို
ကိုကျော်ကျော် မင်းက ပြောပြပါတယ်။
"ဒီတစ်ခါကျတော့ သင်ကြားပေးတဲ့ စနစ်ကို သုံးလိုက်တယ်။ နှာခေါင်းကို ဒီလိုတပ်တယ်၊ နားကို
ဒီလိုတပ်တယ်၊ ဆံပင်ကို ဒီလိုတပ်တယ်ဆိုပြီး လက် တွေ့ လုပ်ပြတဲ့အခါကျတော့ ကလေး တွေ
ရဲ့စိတ်ဝင်စားမှုကို အရမ်းရတယ်။ သူတို့ရှေ့မှာတင် မျက်လုံးလေး တပ်ပြ လိုက်၊ နှုတ်ခမ်းလေး
တပ်ပြလိုက်ဆို တော့ ကလေးတွေကျတော့ ပိုစိတ်ဝင်စားမှုဖြစ်လာတယ်"လို့လည်း ပထမပွဲနဲ့
ဒုတိယပွဲအပေါ် ကလေးတွေရဲ့တုံ့ပြန်မှုကို ပြောပြပါတယ်။ ကလေးငယ်တွေကလည်း ထုလုပ်၊
ရေးဆွဲနေတာတွေကို ကြည့်ခွင့်ရ၊ နန်းခင်ဇေယျာနဲ့ တရင်းတနှီး လက်ဟန် ခြေဟန်နဲ့ စကားတွေ
ပြောနေရလို့ လည်း သူတို့မျက်နှာလေးတွေမှာ ပျော်ရွှင်နေပုံကို အထင်းသားဖော်ပြ နေပါတယ်။
ပြီးတော့ သူတို့ ချစ်တဲ့ မမနန်းခင်ဇေယျာရဲ့ပုံကလေး ဘယ်လို ထွက်လာမလဲဆိုတာကိုလည်း
ညနေ စောင်းထိ စိတ်ဝင်တစား စောင့်ဆိုင်းနေကြပါတယ်။ ပရဟိတအလုပ်တွေကို လုပ်ဆောင်
နေကျဖြစ်တဲ့ နန်းခင်ဇေယျာကတော့ ဒီလိုကလေးငယ်တွေအတွက် မော်ဒယ်ထိုင်ပေးပြီး သူတို့နဲ့
ရင်းနှီးစွာနေရတာ ကို ပျော်တယ်လို့ ပြောပါတယ်။
"သူတို့ကို ဒီလိုအချိန်လေး ပေးဖြစ် တော့ အရမ်းလည်းပျော်တယ်။ သူတို့နဲ့ တရင်းတနှီးလေး
နေပေးရတာကို ပျော် တယ်။ ဒီကျောင်းမှာဆိုရင် သူတို့နဲ့တွေ့ တာ ဒုတိယအကြိမ်ဖြစ်တဲ့အတွက်
ကြောင့် သူတို့ကိုလည်း ညီမ မစိမ်းတော့ ဘူး။ သူတို့စကားပြောတဲ့ ူညေါကေါန ကိုလည်း သဘော
ပေါက်နေပြီ။ သူတို့ အတွက်လည်း အများကြီးအကျိုးရှိမယ်လို့ထင်တယ်။ ပထမတစ်ခေါက် လာ
တုန်းကဆိုရင် ကလေးအယောက် ၁၀၀ စလုံးက ကိုရီးယားရွှံ့တွေနဲ့ လိုက်လုပ်ကြတယ်။
ဒီ ဒုတိယ တစ်ခေါက်ကျတော့ ညီမပုံကို ပန်းချီ ဆွဲတယ်။ ပန်းပုထုတဲ့အချိန်မှာ သူတို့ ရဲ့အမြင်
စွမ်းအားကို ပိုကောင်းဖို့ အတွက် ပံ့ပိုးပေးတာပေါ့နော်" လို့ လည်း နန်းခင်ဇေယျာက ပြောပါတယ်။
















