မြန်မာမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ သည်မော်နိုင်ရဲ့ 'ခပ်ဖြည်းဖြည်း သုည ဒသမ သုည' ဇာတ်လမ်းတိုကို ယူကရိန်း နိုင်ငံ Chernivtsi မြို့မှာ စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့ထိ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် နိုင်ငံတကာကဗျာ ပွဲတော်မှာ ပြသခဲ့ရာမှာ နိုင်ငံတကာပရိသတ်တွေကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။
မြန်မာမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ သည်မော်နိုင်ရဲ့ 'ခပ်ဖြည်းဖြည်း သုည ဒသမ သုည' ဇာတ်
လမ်းတိုကို ယူကရိန်း နိုင်ငံ Chernivtsi မြို့မှာ စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့ထိ ကျင်း
ပခဲ့တဲ့ လေးကြိမ်မြောက် နိုင်ငံတကာကဗျာ ပွဲတော်မှာ ပြသခဲ့ရာမှာ နိုင်ငံတကာပရိသတ်တွေ
ကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကဗျာဆရာလည်းဖြစ်တဲ့ သည်မော်နိုင်ဟာ ၁၃ မိနစ်ကြာဇာတ်လမ်းတိုကို ၂၀၀၃ ခုနှစ်မှာ သူရေး
စပ်ခဲ့တဲ့ 'ခပ်ဖြည်းဖြည်း သုညဒသမ သုည' ကဗျာ ကို အခြေခံပြီး ဇာတ်လမ်းတိုကို ဖန်တီး ထား
တာ ဖြစ်ပါတယ်။ ရိုက်ကွင်းက တော့ သမိုင်းမှာရှိတဲ့ နဂါးဖန်ချက်စက်ရုံဝင်းအတွင်းမှာဖြစ်ပြီး
၂၀၀၅ ခုနှစ်က ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဇာတ်ကားတိုဟာ ဖန်ချက်စက်ရုံတွင်းမှာပြုလုပ်တဲ့ သဲကနေ ဖန်ဖြစ်လာပုံကို အဆင့်ဆင့်
ရိုက်ကူး ပြသထားတဲ့ မှတ်တမ်းကားတော့ မဟုတ်ပါဘူး။ လူ့ဘဝရဲ့ထပ်တလဲလဲ ဖြစ်နေတဲ့သဘော
ကို ဖန်ချက်စက်ရုံတွင်းက နွမ်းလျနေတဲ့ အလုပ်သမား တွေရဲ့ဘဝနဲ့ ဖန်ချက်ပြုလုပ်ပုံအဆင့် ဆင့်
ကို ခိုင်းနှိုင်းပြသထားတဲ့ အတွေး အခေါ် ဇာတ်လမ်းကားတိုလေးပဲ ဖြစ်ပါတယ်။
"ပထမတော့ သမိုင်းမှာရှိတဲ့ နဂါးဖန်ချက်စက်ရုံမှာ လက်လုပ်ပုလင်းတွေ လုပ်တာကို သဘောကျ
လို့ သွားရိုက်တာပါ။ အဲဒီ ဖန်ချက်အလုပ်ရုံဟာ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ၀င်းအကျယ်
ကြီးမှာ ဖန်ပုလင်းတွေ အရည်ကျိုတာတွေကလည်း စိတ်ဝင် စားစရာ၊ ဖန်အရည်ကို ပုလင်းဖြစ်
အောင် အဆင့်ဆင့်လုပ်လာတာ ကြည့် ရတာ လှနေတယ်။ ဖန်ပုလင်းဖြစ်ဖို့ သဲကနေ အဆင့်ဆင့်
လုပ်တာမြင်တော့ ကျွန်တော် စိတ်ကူးရလာတယ်" လို့ ဇာတ်လမ်းတိုဖန်တီးဖြစ်ပုံကို ဒါရိုက် တာ
သည်မော်နိုင်က ပြောပြခဲ့ပါ တယ်။
"ခပ်နွမ်းနွမ်း ၀တ်ဆင်ထားတဲ့ အလုပ်သမတွေဟာ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ အလုပ်ရုံကြီးထဲမှာ
ထပ်တလဲလဲ ဖြစ်နေတဲ့ ဖန်အရည်ကျိုအလုပ်ကို လုပ်ကိုင်နေပုံကို မြင်တော့ အရမ်း စိတ်ဝင်စား
မိပါတယ်။ ဘဝဆိုတာ လည်း ဒီလိုပါပဲ"လို့လည်း သည်မော် နိုင်က ပြောပါတယ်။
'ခပ်ဖြည်းဖြည်း သုညဒသမ သုည' ဇာတ်လမ်းတိုရဲ့အမည်ကို အင်္ဂလိပ်ဘာသာနဲ့ "Again and
Again" လို့ ပေးထားပြီး ၂၀၀၈ ခုနှစ်က ဂျာမနီ နိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပတဲ့ လေးကြိမ်မြောက်
ZEBRA Poetry Film Festivalူ (ကဗျာကိုအခြေခံရိုက်ကူးတဲ့ရုပ်ရှင်ပွဲတော်)မှာ သွားရောက်ပြသ
ခဲ့ရာ အထူးဆု ရရှိခဲ့ပါတယ်။
















