စာရွက်ဖြူပေါ်မှာ လှုပ်ရှားနေတက်တဲ့ ဆရာဒဂုန်တာရာရဲ့ ကလောင်ဟာ ငြိမ်းချမ်းရေး ကဗျာတွေကိုမဖွဲ့တော့ပါ။ သို့သော်လည်း ကြာညောင်းလှတဲ့ ဆရာ့ရဲ့အသက်တာအတွင်း ့ကလောင်ဖျားက ဟိန်းထွက်လာတဲ့ ငြိမ်းချမ်းရေး ပဲ့တင်သံတွေကတော့ ကဗျာချစ်သူ၊ စာချစ်သူတို့ရဲ့ နှလုံးသားထဲမှာ ထပ်နေပြီဆရာရေ့။
စာရွက်ဖြူပေါ်မှာ လှုပ်ရှားနေတက်တဲ့ ဆရာဒဂုန်တာရာရဲ့ ကလောင်ဟာ ငြိမ်းချမ်းရေး ကဗျာတွေ
ကိုမဖွဲ့တော့ပါ။ သို့သော်လည်း ကြာညောင်းလှတဲ့ ဆရာ့ရဲ့အသက်တာအတွင်း ့ကလောင်ဖျားက
ဟိန်းထွက်လာတဲ့ ငြိမ်းချမ်းရေး ပဲ့တင်သံတွေကတော့ ကဗျာချစ်သူ၊ စာချစ်သူတို့ရဲ့ နှလုံးသားထဲ
မှာ ထပ်နေပြီဆရာရေ့။
အခုလည်း ဆရာသီကုံးသွားတဲ့ ငြိမ်းချမ်းရေး ကဗျာ တွေကို ကွယ်လွန်ခြင်း တစ်လပြည့်နေ့့
စက်တင်ဘာလ ၁၉ ရက်နေ့မှာ တပည့် ကဗျာဆရာတွေ စုပေါင်းပြီး အသံကျယ်ကျယ်လောင်
လောင်နဲ့ ရွတ်ဆိုခဲ့ကြပါပြီ။ လူတိုင်းရဲ့ နှလုံးသားမှာ ငြိမ်းချမ်းရေးတန်ဖိုးကို ပဲ့တင်ထပ်သွားခဲ့တဲ့
ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဗိုလ်အောင်
ကျော် အောက်လမ်းရှိ ဟုမ်းမီဒီယာ မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့ပါ
တယ်။
အခမ်းအနားမှာ ဆရာ့ကို မြင်တွေ့ သိကျွမ်းခဲ့ဖူးတဲ့ ကဗျာဆရာတွေရော မမြင်ဘူးပေမယ့် ဆရာ့ရဲ့
ကဗျာလှိုင်းတံပိုးအောက်မှာ နစ်မြုပ်ဖူးသူ ကဗျာဆရာများတက်ရောက်ပြီး ဒေါင်းမင်းသီဟ ရတု၊
လောကအမွန်၊ တဟီတီသွားရအောင်၊ မှတ်လှတော်လှန်ရေး နှင့် နှင်းခဲပျော်ချိန် ဆိုတဲ့ ဆရာဒဂုန်
တာရာရဲ့ ကဗျာများကို ရွတ်ဆိုခဲ့ကြပါတယ်။ ဆရာကြီး ဒဂုန်တာရာ အယ်ဒီတာအဖြစ်တာဝန်ယူ
ထုတ်ဝေခဲ့တဲ့ တာရာမဂ္ဂဇင်း မူရင်းစာအုပ် ခပ်နွမ်းနွမ်းနှစ်အုပ် နှင့် ဒဂုန်တာရာ ကလောင်အမည်ဖြင့်
ထင်ရှားခဲ့တဲ့စာအုပ်တစ်ချို့ကိုလည်း ပွဲမှာခင်းကျင်းပြသခဲ့ပါသေးတယ်။
"ငြိမ်းချမ်းရေးကို ကလောင်တစ်ချောင်းနဲ့ တစ်စိုက်မတ်မတ် တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးမရခင်
လမ်းတစ်ဝက်မှာ တိမ်းပါးသွားတဲ့ စာပေနယ်ထဲက အထင်ကရ စာဆိုတော်ကြီးနှစ်ဦးရှိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာဒဂုန်တာရာပါ။ ဆရာ ဒဂုန်တာရာဟာ သူမျှော်လင့်သော
ငြိမ်းချမ်းရေးကို မမြင်မတွေ့လိုက်ရပါဘူး။ ဒါပေမယ့် အကုသိုလ်ကင်းသော၊ ရန်ငြိမ်းသော ဒဂုန်
တာရာဟာ ငြိမ်းချမ်းသော ကောင်းမြတ်သော ဒေသကို ရောက်ရှိသွားပြီလို့ ကျွန်တော်တို့
ယုံကြည်မိပါတယ်။
ငယ်ငယ်လေး ကတည်းက ငြိမ်းချမ်းရေးကို လိုလားတောင့်တခဲ့တဲ့ စာဆိုတော်ကြီးဟာ မကွယ်
လွန်ခင် အချိန်လေးထိ ငြိမ်းချမ်းရေးပန်ကြားလွှာ ခုနှစ်စောင်ကို အားနဲ့မာန်နဲ့ ရေးသားခဲ့ပါတယ်"
လို့ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂ ဥက္ကဌ မောင်စိမ်းနီက အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာကို ၁၉၁၉ခုနှစ် မေလ၁၀ရက်နေ့မှာ ဒေးဒရဲမြို့နယ် ထိုင်ကူမြစ်
တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။ မြိုင်သဇင် ကလောင်အမည်နဲ့ ရေးသားတဲ့ 'ဒေါင်းမင်းသီဟ' ရတု
ဟာ ဆရာ့ရဲ့ ပထမဆုံး ပုံနိုပ် ဖော်ပြခံရတဲ့ ကဗျာဖြစ်တယ်လို့ မှတ်သားရပါတယ်။
ဒဂုံမဂ္ဂဇင်းမှာ ၁၉၃၄ ခုနှစ်မှာ ဖော်ပြခံရတာဖြစ်ပါတယ်။ ဆရာဒဂုန်တာရာဟာ ကလောင်အမည်
အမျိုးမျိုးနဲ့ ၀တ၊ုများကိုလည်း ရေးသားခဲ့ပြီး မေ(၁၉၇၄)၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ
မလွဲပါ (၁၉၇၉)၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ (၁၉၉၇)၊ ဒဂုန်တာရာ၏ဒဂုန်တာရာ
(၁၉၅၀) တို့မှာ ထင်ရှားပါတယ်။
ငြိမ်းချမ်းရေး စာဆိုကြီး ဆရာ ဒဂုန်တာရာဟာ ယခုနှစ် ဩဂုတ်လ ၁၉ ရက်မှာ ရှမ်းပြည်နယ်၊
အောင်ပန်းမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ ရှိပြီဖြစ်ပြီး
တစ်သက်လုံး လူပျိုကြီးဘဝနှင့်ပင် ငြိမ်းချမ်းစွာ နေထိုင်သွားခဲ့ပါတယ်။
















