တွံတေးမြို့တွင် တွံတေးသိန်းတန် အမှတ်တရရုပ်တု စိုက်ထူမည်

တွံတေးမြို့တွင် တွံတေးသိန်းတန် အမှတ်တရရုပ်တု စိုက်ထူမည်

တွံတေးမြို့သူမြို့သားများ၏ တောင်းဆိုမှုကြောင့် ကွယ်လွန်သူ တေးရေး တေးဆို တွံတေးသိန်းတန်အမှတ်တရ ရုပ်တုကိုထုလုပ်ပြီး တွံတေးမြို့ ရွှေဆံတော်ဘုရားခြေရင်းအနီးမှာ စိုက်ထူသွားမယ်လို့ တွံတေးသိန်းတန်၏ သားဖြစ်သူ ဦးမြတ်သူက ပြောပါတယ်။

တွံတေးမြို့သူမြို့သားများ၏ တောင်းဆိုမှုကြောင့် ကွယ်လွန်သူ တေးရေး တေးဆို တွံတေးသိန်းတန်
အမှတ်တရ ရုပ်တုကိုထုလုပ်ပြီး တွံတေးမြို့ ရွှေဆံတော်ဘုရားခြေရင်းအနီးမှာ စိုက်ထူသွားမယ်လို့
တွံတေးသိန်းတန်၏ သားဖြစ်သူ ဦးမြတ်သူက ပြောပါတယ်။

လာမယ့် နို၀င်ဘာလ ၂၃ ရက်မှာ ပြည်သူ့ရင်ပြင် အားကစားကွင်း-၂ တွင် အနုပညာရှင်တွေနဲ့
တွံတေးသိန်းတန် အမှတ်တရ ရုပ်တုဖွင့်ပွဲ အခမ်းအနားကျင်းပသွားမယ်လိ့ု သိရပါတယ်။

ပွဲမှာ တွံတေးသိန်းတန်ရဲ့ တေးသီချင်းတွေကိုလည်း သီဆိုဖျော် ဖြေသွားမှာဖြစ်ပြီး အမှတ်တရ
လိုက်ဖ်ရှိုးအနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

"ဖွင့်ပွဲကို အစက တွံတေးမှာလုပ်မလို့ပဲ။ ဒါပေမဲ့ ဒီကလူတွေကျတော့ ဟိုကိုသွားရတာ အခက်အခဲ
ရှိတော့ ဒီမှာ ဖွင့်ပွဲလုပ်ပြီး ဟိုမှာ ရုပ်တုကို သွားစိုက်ထူမှာပါ"လို့ ဦးမြတ်သူ ကဆိုပါတယ်။

တွံတေးသိန်းတန် အမှတ်တရ ရုပ်ထု ထုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ဦးမြတ်သူ က ဆက်လက်၍
"တွံတေးမြို့ကို မြန်မာပြည်က သိအောင် တွံတေးသိန်းတန်က လုပ်ပေးခဲ့တယ်လို့ မြို့သူမြို့သားတွေ
ကပြောတယ်။ တွံတေးသိန်းတန် အမှတ်တရရုပ်တု စိုက်ထူချင်တယ်ဆိုပြီး ကျွန်တော့်ဆီ
လှမ်းဆက်သွယ်လာတယ်။ အဲဒါကြောင့် လုပ်ဖြစ်သွားတာပါ။ လူရွှင်တော် ကိုကျော်ထူးက လည်း
အများကြီး ကူညီပါတယ်။ ပြီးတော့ ပရိသတ်တွေရဲ့ ကူညီမှုတွေ အများကြီး ပါပါတယ်"လို့
ပြောပါတယ်။

အမှတ်တရ ရုပ်တုကို ထုလုပ်ဖို့ မန္တလေးမြို့တွင် အပ်နှံထားပြီး နို၀င်ဘာလတွင် ပြီးစီးမယ်လို့ သိရ
ပါတယ်။

ရုပ်တုမှာ ၂၅ လက်မနှင့် ၂၂ လက်မကြားရှိပြီး ကိုယ်တစ်ပိုင်းပုံ ဖြစ်ပါတယ်။ အဆိုပါ အမှတ်တရ
ရုပ်တုဖွင့်ပွဲ လိုက်ဖ်ရှိုးမှာ တွံတေးသိန်းတန် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရလည်းဖြစ်
ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဂန္ထဝင်အဆိုတော်ကြီးဟု တင်စားခေါ်ဆိုကြတဲ့ တွံတေး သိန်းတန် သီဆိုအောင်မြင်ခဲ့
တဲ့ သီချင်းများမှာ ပန်းနွယ်ကစိမ်း၊ ဘယ်ပန်းသာလိုယဉ်၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ဖိုးလမင်းကို
အောင်သွယ်ခိုင်းမယ်၊ လေးဆယ်ကျော်အချစ်၊ ဆောင်းနှင်းမြူ နှင့်ကိုယ့်ချစ်သူ၊ ချစ်ရက်ရှည်ရှည်
အင်းလျားမြေ၊ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ အသီးတစ်ရာ အညှာတစ်ခု စတဲ့ တေးသီချင်း
တွေ ဖြစ်ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး