တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ မယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုမယ် ထွက်ခွာ

တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ မယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုမယ် ထွက်ခွာ

Miss Tourism Queen Inter-national 2013 ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံရဲ့ကိုယ်စားပြုမယ် ခင်လပြည့်ဇော် က စက်တင်ဘာလ ၂၃ ရက်နေ့မှာ မယ်ပြိုင်ပွဲအတွက် စတင်စခန်းသွင်း လေ့ကျင့်ရမှာဖြစ်တဲ့အတွက် စက်တင်ဘာလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ ကနေ ပွဲကျင်းပရာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

Miss Tourism Queen Inter-national 2013 ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံရဲ့ကိုယ်စားပြုမယ်
ခင်လပြည့်ဇော် က စက်တင်ဘာလ ၂၃ ရက်နေ့မှာ မယ်ပြိုင်ပွဲအတွက် စတင်စခန်းသွင်း လေ့ကျင့်
ရမှာဖြစ်တဲ့အတွက် စက်တင်ဘာလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ ကနေ ပွဲကျင်းပရာ တရုတ်နိုင်ငံကို
ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာကိုယ်စားပြုမယ်တစ်ဦးစီကို တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Miss Tourism Queen
International 2013 ပြိုင်ပွဲက စတင်ပြီး ငါးနှစ်ဆက်တိုက် စေလွှတ်သွားဖို့ သက်ဆိုင်ရာ
အေဂျင်စီနဲ့ မူပိုင်ခွင့် ချုပ်ဆိုထားပြီးပြီလို့ STAR & MODELS INT'L Agency မှ မန်နေဂျင်း
ဒါရိုက်တာဖြစ်တဲ့ ဂျွန်လွင်က ပြောပါတယ်။

"ကျွန်တော်တို့ အေဂျင်စီအနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲကို ဒီနှစ်က
စပြီး မြန်မာနိုင်ငံကိုယ်စားလှယ်တစ်ဦးအဖြစ် ပြုလုပ်သွားဖို့ တစ်ဖက်က ပွဲစီစဉ်တဲ့သူတွေနဲ့ နှစ်စဉ်
ကြေး ဒေါ်လာ ၁,၅၀၀ နဲ့ ငါးနှစ်စာ copyright ယူထားပြီး သွားပါပြီ။ ဒီနှစ်ကတော့ တစ်ဖက်က
ဖိတ်ကြားလာတာဖြစ်တဲ့အတွက် ပွဲနဲ့လူရွေးပွဲ မလုပ်ဖြစ်လိုက်ဘဲ မြန်မြန်ဆန်ဆန် စီစဉ်ဖြစ်သွား
တာပါ။ နောက်နှစ်တွေကျရင်တော့ ဒီနှစ်အတွက် Miss Tourism အဖြစ် ရွေးချယ်ခံရတဲ့ မယ်ကို
ဒီကို ဖိတ်ကြားပြီးတော့ ဒိုင်အဖြစ် လုပ်ခိုင်းပြီး လူရွေးပွဲလုပ်မယ်၊ ပြီးတော့ တရားဝင်စေလွှတ်သွားဖို့
စီစဉ်ထားပါတယ်"လို့ ဂျွန်လွင်က ပြောပါတယ်။

"ဒီလိုမျိုးလုပ်တာက ကျွန်တော့်အတွက် အကျိုးအမြတ်ရလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့
နိုင်ငံကိုယ်စားပြု တစ်ယောက်အဖြစ် ရပ်တည်နိုင်တဲ့အပြင် ကမ္ဘာက သိအောင်လည်း သွားရောက်
ယှဉ်ပြိုင်ရတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်လို့ပါ"လို့ သူက ပြောပါတယ်။

ဒီနှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် STAR & MODELS INT'L Agency က
မော်ဒယ်အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေ ကို ပြိုင်ပွဲကျင်းပတဲ့ Organizer ထံ ပို့ပြီး ရွေးချယ်ခဲ့ရာက
နောက်ဆုံး အဆင့်ပြိုင်ပွဲမှာ အသက် ၁၈ ပြည့်ပြီး ဖြစ်တဲ့ မော်ဒယ် ခင်လပြည့်ဇော်ကို ၂၀၁၃ ခုနှစ်၊
မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ် ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

"ပထမ ဒီနှစ်မှာ အဲဒီပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မဲ့ အစီအစဉ် မရှိသေး
ပါဘူး။ ဒါပေမယ့် ပွဲစီစဉ်တဲ့ဘက်က ဆရာဂျွန်ကနေတစ်ဆင့် ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းလာတာကြောင့်
လူရွေးပွဲ မလုပ်ဖြစ်ဘဲ ဓာတ်ပုံပဲပို့ပြီး ရွေးချယ်ခံခဲ့ရာက ညီမက အရွေးခံရတာပါ"လို့ မြန်မာနိုင်ငံ
ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရတဲ့ ခင်လပြည့်ဇော်က ပြောပါတယ်။

ရွေးချယ်ခံရတဲ့ ပထမနှစ် သချင်္ာ မေဂျာကျောင်းသူ ခင်လပြည့်ဇော်အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ
Face of Myanmar 2013 ပြိုင်ပွဲကို မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် အရွေးခံရပြီး ကိုရီးယားနိုင်ငံ၊
ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia New Star Models Contest 2012 မှာ ပါ၀င်ယှဉ်ပြိုင်ခဲ့သူလည်း
ဖြစ်ပါတယ်။

Miss Tourism Queen International ပြိုင်ပွဲကို ၂၀၀၄ ခုနှစ် ကနေ စတင်ပြီး တရုတ်နိုင်ငံမှာ
နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မလုပ်ဖြစ်ဘဲ ရှစ်ကြိမ်မြောက် ပြုလုပ် ကျင်းပတဲ့ ၂၀၁၃
ပွဲကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့၊ တရုတ်နိုင်ငံ၊ Xianning မြို့မှာ ကျင်းပပြုလုပ်သွားမှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး