အမျိုးသမီးအဖြစ် လိင်ခွဲစိတ်ပြောင်းလဲမှုခံယူထားတဲ့ သန်ညာမောင်က လာမယ့်အောက်တိုဘာ ၂၇ ရက်ကနေ နို၀င်ဘာ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တရားမြို့မှာ ကျင်းပမယ့် MissInternational Queen 2013 မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အမျိုးသမီးအဖြစ် လိင်ခွဲစိတ်ပြောင်းလဲမှုခံယူထားတဲ့ သန်ညာမောင်က လာမယ့်အောက်တိုဘာ
၂၇ ရက်ကနေ နို၀င်ဘာ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တရားမြို့မှာ ကျင်းပမယ့် Miss
International Queen 2013 မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိပြီး လတ်တလောမှာ ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ကရင်တိုင်းရင်းသူ
သန်ညာမောင်က အရင်က ဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ဘူးလို့ မြန်မာတိုင်းမ်ကို
အီးမေးလ်ကနေတစ်ဆင့် ပြောပါတယ်။
"အလုပ်က လုပ်ဖော်ကိုင်ဖက်တချို့က ဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကျွန်မကို ၀ုိင်းတိုက်တွန်းကြတယ်။
ပြီးတော့ ကျွန်မကိုယ်တိုင်လည်း ဒီလို နိုင်ငံတကာအဆင့်အလှမယ်ရွေးပွဲမှာ ၀င်ပြိုင်နိုင်တဲ့အရည်
အချင်းတွေရှိတယ်လို့ ယုံကြည်ခဲ့လို့ အခုလို၀င်ပြိုင်ခဲ့တာပါ"လို့ သန်ညာမောင်က ပြောပါတယ်။
သူက အခုလောလောဆယ်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ပရိုဂရမ်တာဝန်ရှိသူတစ်ယောက်
အဖြစ်လုပ်ဆောင်နေပြီး အရင်ကတော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ပညာ
ရေး၊ ယဉ်ကျေးမှုမြှင့်တင်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတဖြန့်ဝေရေးလုပ်ငန်းတွေကို စေတနာ့
၀န်ထမ်းတစ်ယောက်အဖြစ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တတိယလိင် (အမျိုးသား (သို့) အမျိုးသမီးသို့ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ပြောင်း
လဲမှုခံယူထားသူများ)တွေရဲ့ လူ့အခွင့် အရေးတွေကို မြှင့်တင်ဖို့အတွက် Miss International
Queen 2013 ပြိုင်ပွဲက အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ သန်ညာမောင်က ယုံကြည်ထား
ပါတယ်။
"လူသားမျိုးနွယ်တစ်ရပ်ဖြစ်တဲ့ တတိယလိင်တွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ လူမှု
အသိုင်းအဝိုင်းမှာ ဒီလူတွေကို လက်ခံပေးဖို့နဲ့ ကျွန်မတို့ရဲ့ နောက်အနာဂတ်အခွင့်အလမ်းတွေ
အတွက် နိုင်ငံတကာဗဟုသုတတွေဝေမျှပေးဖို့ ဒီလို အလှမယ်ပြိုင်ပွဲက တကယ်ကိုအရေးပါပြီး
ပါ၀င်ယှဉ်ပြိုင်သူတွေကိုပါ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေပါတယ်။ကျွန်မတို့နိုင်ငံကို နိုင်ငံတကာ
က ကောင်းမွန်မှန်ကန်တဲ့သိခြင်းမျိုးနဲ့ပဲ သိစေရအောင် ကျွန်မကြိုးစားသွားမှာပါ"လို့ သန်ညာမောင်
က ပြောပါတယ်။
ဒီလို ခွဲစိတ်ပြောင်းလဲမှုခံယူထားတဲ့အတွက်မိသားစုအိမ်တွင်းရေးအပြင် အခြားအခက်အခဲတွေ
အများကြီးကို ကျော်ဖြတ်ခဲ့ရပေမယ့် မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့်ရတယ်လို့ ပြိုင်ပွဲကြီး
ကြပ်သူတွေက ကြေညာလိုက်ချိန်မှာ အံ့ဩဝမ်းသာခဲ့ရတယ်လို့ သူက ပြောပါတယ်။
"ဒီလို ပြောင်းလဲလိုက်တဲ့အတွက် မိသားစုက လုံးဝလက်မခံခဲ့ဘဲ အခက်အခဲတွေအများကြီးကြံုခဲ့
ရပေမယ့် ခွဲစိတ်မှုမခံယူခင်ကတည်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ရှိခဲ့ပါတယ်။ လူမှုအသိုင်း
အဝိုင်းမှာ ၀င်ရောက်ရှင်သန်ဖို့ကိုလည်း ကျွန်မသေသေချာချာ ကွဲကွဲပြားပြား စဉ်းစား ဆုံးဖြတ်ခဲ့
တာပါ။
"ကျွန်မတို့က လူ့အခွင့်အရေးအတွက် ကိုယ်ပိုင်ခြေလှမ်းတွေနဲ့ လမ်းမှန်ပေါ်မှာ လျှောက်နေတဲ့
အတွက်ကြောင့်လည်း ဘာကိုမှ ကြောက်စရာ၊ ဂရုစိုက်စရာမလိုဘူးလို့ လက်ခံထားပါတယ်။
ကျွန်မတို့တတ်နိုင်တာ အကောင်းဆုံးမှန်သမျှ ကြိုးစားလုပ်ဆောင်ပြီး မိသားစုနဲ့ ပတ်ဝန်းကျင်
က လူတွေကို ကျွန်မတို့ကို ဂုဏ်ယူစေမှာပါ"လို့ သန်ညာမောင်က ခိုင်ခိုင်မာမာ ပြောပါတယ်။
ဒီ အလှမယ်ပြိုင်ပွဲ အပြီးမှာလည်း သူက မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးချင်းစိတ်ဝင်စားသူ၊
အမျိုးသားချင်းစိတ်ဝင်စားသူ၊ အမျိုးသမီးရော အမျိုးသားပါ စိတ်ဝင်စားသူနဲ့ လိင်ပြောင်းလဲ
မှုခံယူထားသူတွေအတွက် အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် ပြင်ဆင်ထားတဲ့
အပြင် အဲဒီလိုလူတွေအတွက် နားလည်မှုနဲ့ အခွင့်အလမ်းတွေ ပိုရှိသင့်တယ်လို့လည်း ဆိုပါ
တယ်။
"ကျွန်မထင်တာကတော့ ဒီလိုလူတွေဟာ လူသားအသိုင်းအဝိုင်းမှာ နားလည်မှုပိုပေးသင့်တယ်ပေါ့။
လူမှုအသိုင်းအဝိုင်းမှာ ခုချိန်ထိအောင် အထင်လွဲမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေရှိနေ
တုန်းပါပဲ။ ကျွန်မတို့နိုင်ငံအတွင်းမှာ ဒီလိုတတိယလိင်တွေအတွက် ဗဟုသုတနဲ့ အသိပညာပေး
လုပ်ဆောင်မှုတွေ လုပ်သွားချင်ပါတယ်"လို့ သန်ညာမောင်က ပြောပါတယ်။
Miss International Queen 2013 ပြိုင်ပွဲမှာ အခြားဝင်ရောက်ယှဉ်ပြိုင်တဲ့မယ်တွေလို စပွန်ဆာ
(ထောက်ပံ့ကူညီမယ့်သူ) မရှိတာကတော့ ပြိုင်ပွဲအတွက် ပြင်ဆင်ရာမှာ တခြားသူတွေထက်
ပိုကြိုးစားရစေပါတယ်လို့လည်း ပြောပါတယ်။
"ကျွန်မဒီပြိုင်ပွဲအတွက်တင်မကဘဲ အလုပ်အတွက်ပါ တစ်ယောက်တည်း ပြင်ဆင်နေရပါတယ်။
ဒါပေမဲ့ ကျွန်မသူငယ်ချင်းကောင်းတချို့က အမြဲအားပေးကြသလို ပြိုင်ပွဲအတွက်ပြင်ဆင်ရာမှာ
လည်း ကူညီချင်ကြပါတယ်။ အခုချိန်မှာတော့ ဒီအလှမယ်ပြိုင်ပွဲက ချမှတ်ထားတဲ့ စည်းကမ်းတွေ
အတိုင်းလေ့ကျင့်ပြင်ဆင်နေပြီး ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်တော့မှာပါ"လို့ သန်ညာမောင်က
ပြောပါတယ်။
သန်ညာမောင်ကို ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံမှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဘားအံ
တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် မှာတော့ မိသားစုဝင်ငွေအတွက်နဲ့ နိုင်ငံရပ်ခြားက
အတွေ့အကြံုနဲ့ စိန်ခေါ်မှုတွေ ရရှိနိုင်ဖို့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
Miss International Queen 2013 ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀ ၀န်းကျင်က ပြိုင်ပွဲဝင်ပေါင်း
အယောက် ၃၀ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပြီး တတိယလိင်တွေအတွက် သီးသန့်
အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
















