ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်ကစပြီး ဓာတ်ပုံမော်ဒယ်အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။
ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်
ကစပြီး ဓာတ်ပုံမော်ဒယ်အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်
ကို ပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်ထုတ် Celebrites 8 days အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ မျက်နှာဖုံး
ဓာတ်ပုံအဖြစ် ဖော်ပြခံရပြီးတဲ့နောက် မြနှင်းရည်လွင်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဂျာနယ်ထွက်ရှိပြီးနောက်ပိုင်းမှာ သူမကို စော်ကားသလို ဖြစ်စေတဲ့ စာသား တွေနဲ့ အင်တာနက်
စာမျက်နှာပေါ်မှာ တိုက်ခိုက်ပြောဆိုခံခဲ့ရတာကြောင့် အရှက်ရခဲ့ရတယ်လို့လည်း ဆိုပါတယ်။
"ဂျာနယ်မှာပါလာတဲ့ မျက်နှာဖုံးဓာတ်ပုံက ညီမအနေနဲ့ပြင်ထားတယ်ထင်လို့ ဂျာနယ်ကို ဆက်
သွယ်ပြီးမေးခဲ့တယ်။ ဒါပေမဲ့ သူတို့တွေအနေနဲ့ ပြင်ထားတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်။အဲဒီ
ပုံကိုရိုက်တဲ့နေ့က တစ်ပုံတည်းမဟုတ်ပါဘူး။ ပုံပေါင်းများစွာကို ရိုက်ခဲ့တာပါ။ အကယ်လို့ ပုံက
အမြင်မတော်ရင်လည်း သူတို့ အနေနဲ့ တခြားဓာတ်ပုံကို ရွေးသင့်ပါတယ်။ အဲဒီလိုတင်လိုက်တော့
အိမ်နဲ့လည်း ပြဿနာတက်တယ်။ တချို့အွန်လိုင်းစာမျက်နှာမှာဆိုရင် ညီမနာမည်နဲ့ 'ဇစ်ပြုတ်မြ
နှင်းရဲလွင်'ဆိုပြီး ဝေဖန်သလိုမဟုတ်ဘဲနဲ့ ဆဲတဲ့စကားလုံးတွေပါ လျှောက်ရေး ထားကြတယ်။
တချို့ဆိုရင် ဟိုမဂ္ဂဇင်းရိုက်၊ ဒီမဂ္ဂဇင်းရိုက်ပါလားဆိုပြီး ၀ိုင်းပြောကြ တယ်"လို့ သူကြံုရတာတွေကို
ဓာတ်ပုံမော်ဒယ်တစ်ဦးလည်း ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်အကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်တစ်ဦးလည်းဖြစ်
တဲ့ မော်ဒယ်မြနှင်းရည်လွင် က ပြောပြပါတယ်။
"ကိုယ်ကလည်း အမြဲတမ်းဖော်ချွတ်ရိုက်လေ့ရှိတာ မဟုတ်ဘူး။ ဒီမျက်နှာဖုံး မှာ ဒီလိုမျိုးရိုက်လိုက်
မယ်လို့ ရည်ရွယ်ထားတာလည်းမရှိဘူး။ 8 Days ဂျာနယ် အနေနဲ့လည်း ညီမနဲ့လက်တွဲလာတာ
ကြာပါပြီ။ ညီမအနေနဲ့ ပြဿနာလည်း မတက်ချင်သလို၊ ခင်မင်မှုလည်း မပျက်ချင်ဘူး။
စိတ်မကောင်းဖြစ်မိတာပဲရှိတယ်။ ညီမအနေနဲ့က ဓာတ်ပုံအရိုက်မခံခင် ဘယ်လိုရှုထောင့်ကမျိုးဖြစ်
နိုင်သလဲဆိုတာ စဉ်းစားကြည့်တတ်တယ်။ အခုတင်လိုက်တဲ့ပုံစံမျိုးက Snap Shot ပုံစံကို
မျက်နှာဖုံးတင်လိုက်သလိုမျိုးဖြစ်သွားတယ်"လို့လည်း ပြောပါတယ်။
ဒီတစ်ကြိမ်ဟာ 8 Days ဂျာနယ်အတွက် သုံးကြိမ်မြောက် မျက်နှာဖုံးပုံ ရိုက်ကူးခံခဲ့တာဖြစ်ပြီး
ခုဂယက်ထနေတဲ့ဓာတ်ပုံရိုက်ကူးမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်း ပိုင်းက လှော်ကားဥယျာဉ်
ထဲမှာ ဓာတ်ပုံပညာရှင် ကိုအေးဇော်မိုး (စက်မှု)နဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
"ဂျာနယ်ထဲမှာ ကြည့်လိုက်ရင် ပုံတွေကအများကြီးပဲလေ။ ဒါပေမဲ့ အဲဒီပုံကို ရွေးထုတ်ခဲ့တယ်
ဆိုတာကတော့ အစ်ကိုနဲ့မဆိုင်ပါဘူး။ အဓိကရိုက်တဲ့အချိန်က နေ့လည် ၁၂ နာရီကနေ ၁ နာရီ
ကြားဖြစ်နေတယ်။ သူက ၁ နာရီခွဲ ပြန်ရမယ်ဆို တော့ ဓာတ်ပုံရိုက်ချလိုက်တယ်။ ပြီးတော့ ပုံ
ကိုပြန်မကြည့်နိုင်ဘူး။ သူလည်း မကြည့်ခဲ့ဘူး။ ဇစ်က တမင်သက်သက်ဆွဲခိုင်းလိုက်တာ မဟုတ်
ပါဘူး။ လူတွေက အဲဒီပုံကိုပဲ ကြည့်ပြီးတော့ဝေဖန်နေကြတာပါ။ တခြားပုံတွေ အများကြီးရှိပါသေး
တယ်။ ဗမာအမြင်နဲ့ကျတော့ တမျိုးဖြစ်သွားတာပါ"လို့ ဓာတ်ပုံကိုအေးဇော်မိုး (စက်မှု)က ပြောပြ
ပါတယ်။
ဒီကိစ္စကို 8 Days ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက် မေးမြန်းခဲ့ရာမှာ တစုံတရာ
ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး သူတို့ဂျာနယ်တိုက်အနေနဲ့ ဘယ်ဓာတ်ပုံကိုမှ ပြင်ဆင်ပြီး မထုတ်ဝေခဲ့ဘူး
လို့ ဆိုပါတယ်။
















