၁၈ နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် မက်တယ်ဇုန် (Metal Zone) တီးဝိုင်းမှ အတီးပညာရှင်များဟာ အဖွဲ့တည်ထောင်သူဖြစ်တဲ့ သူတို့ရဲ့ မန်နေဂျာဖြစ်သူနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး လက်တွဲဖြုတ်လိုက်ပြီဖြစ်တယ်လို့ တီးဝိုင်းမှာ လိဒ်ဂစ်တာ တီးခတ်သူဖြစ်တဲ့ ကိုဇော်လတ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
၁၈ နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် မက်တယ်ဇုန် (Metal Zone) တီးဝိုင်းမှ အတီးပညာရှင်များ
ဟာ အဖွဲ့တည်ထောင်သူဖြစ်တဲ့ သူတို့ရဲ့ မန်နေဂျာဖြစ်သူနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး
လက်တွဲဖြုတ်လိုက် ပြီဖြစ်တယ်လို့ တီးဝိုင်းမှာ လိဒ်ဂစ်တာ တီးခတ်သူဖြစ်တဲ့ ကိုဇော်လတ်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဒါကြောင့်မို့ အဖွဲ့မှအတီးပညာရှင် လေးဦးဟာ ကိုယ်ပိုင်အမည်သစ်နဲ့ အနုပညာအလုပ်တွေကို
သီးခြားလုပ် ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
"ပြီးခဲ့ပြီးပြီဆိုတော့ ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ မပြောချင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်တို့ အဖွဲ့သားလေးယောက်နဲ့ပဲ စည်းစည်းလုံးလုံး ရှေ့ဆက်ပြီးတော့ တီးဖြစ်သွားမှာပါ"လို့
ကိုဇော်လတ်က ပြောပါတယ်။
သူတို့လေးယောက်အဖွဲ့မှာ လိဒ့်ဂစ်တာ ဇော်လတ်၊ ဘေ့စ်ဂစ်တာ ဖိုးဇော်၊ ကီးဘုတ် လဝမ်နဲ့ ဒရမ်
ကိုတော့ မာတူး ကတီးခတ်တာဖြစ်ပြီး အဖွဲ့ အတွက် အမည်သစ်ကိုတော့ ရွေးချယ် နေဆဲပဲလို့
ဆိုပါတယ်။
"ဒီလထဲမှာပဲ နာမည်သစ်ကို မိတ်ဆက်သွားမှာပါ။ ကျွန်တော်တို့ တီးပေးထားတဲ့ တချို့အခွေတွေ
မှာနာမည်အသစ်ထည့်ပြီး အသုံးပြုသွားမှာမို့လို့ မြန်မြန်ပဲ ကြေညာဖြစ်မှာပါ"လို့လည်း
ကိုဇော်လတ်က ပြောပါတယ်။
ယခင်တုန်းကတော့ သူတို့အဖွဲ့ သီချင်းတီးခတ်တဲ့အခါ မက်တယ်ဇုန် စတူဒီယိုကိုပဲ အသုံးပြုလေ့ရှိ
ပေမယ့် ဒီနှစ် ဧပြီလကုန်းပိုင်းလောက်ကတည်းက Esus 5 စတူဒီယိုကို သုံးခဲ့ပြီး တေးစီးရီးအသစ်
၁၀ ခုကျော်လောက် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရှမ်းတိုင်းရင်းသား တေးစီးရီး သုံးခုကို တီးခတ်ပေးနေတယ်လို့လည်း ဆိုပါ
တယ်။
သူတို့လေးယောက်အဖွဲ့ဟာ မက်တယ်ဇုန်အမည်နဲ့ နာမည်ကျော်ကြားတဲ့ ရှိုးပွဲပေါင်းများစွာနဲ့
တေးစီးရီးပေါင်း ၄၀၀ ကျော်ကို တီးခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မက်တယ်ဇုန်တီးဝိုင်းအဖွဲ့ကို တည် ထောင်သူနဲ့ မန်နေဂျာဖြစ်သူကတော့ ဦးဇော်ဝင်းပဲ ဖြစ်ပါတယ်။
















