သရုပ်ဆောင် ရဲတိုက် တောင်ငူထောင်ဆေးရုံ ရောက်သွား

သရုပ်ဆောင် ရဲတိုက် တောင်ငူထောင်ဆေးရုံ ရောက်သွား

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် လွန်ခဲ့တဲ့ သုံးလလောက်က တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ကို ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားရာက စက်တင်ဘာလတွင်းမှာ တောင်ငူထောင်ဆေးရုံသို့ ပြောင်းရွှေ့နေရာ ချထားခဲ့တယ်လို့ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ...

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် လွန်ခဲ့တဲ့ သုံးလလောက်က တရားစွဲဆိုခံထားရ
တဲ့ သရုပ်ဆောင်ရဲတိုက်ကို ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထား
ရာက စက်တင်ဘာလတွင်းမှာ တောင်ငူထောင်ဆေးရုံသို့ ပြောင်းရွှေ့နေရာ ချထားခဲ့တယ်လို့
ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျောက်တံခါးရဲစခန်းမှာထက် တောင်ငူထောင်မှာက သူ့အတွက် ပိုအဆင်ပြေမှာပါ။ ရုံးချိန်းရက်
ရှိတဲ့ နေ့တွေဆိုရင် တောင်ငူကနေ အသွားအပြန်ကားနဲ့ခေါ်ပြီး နေ့ချင်းပြန်ပို့ပေးပါတယ်"လို့လည်း
ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကစပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ရဲတိုက်ကို ပုဒ်မ ၁၅။ ၁၆ (ဂ)ဖြင့် ရဲမှ
တရားလိုလုပ်အမှုဖွင့်ပြီး တရားစွဲဆိုထားရာ ပထမဆုံးရုံးချိန်းကို ဩဂုတ်လ ၅ ရက်နေ့မှာ
ကျောက်တံခါးမြို့နယ် တရားရုံးမှာ စတင်ကြားနာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့အထိ ရုံးချိန်း ကိုးကြိမ် ကြားနာစစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

ခြောက်ကြိမ်မြောက် ရုံးချိန်းအထိ တရားလိုဘက်မှ သက်သေတွေကို စစ်ဆေးခဲ့ကာ ခုနစ်ကြိမ်
မြောက်မှစတင်ပြီး တရားခံဘက်မှ သက်သေတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး