လူငယ်တွေ ၀န်းကျင်မှာ ထိတွေ့နေရတဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲအကျိုး ဆက်တွေကို ပညာပေးအနေနဲ့ ရိုက်ကူးတင်ပြထားတဲ့ ဇာတ်လမ်းတွဲကို MRTV-4 နဲ့ SkyNet ရုပ်သံလိုင်းတွေမှာ အောက်တိုဘာလ ဒုတိယပတ် အတွင်းမှာ စတင်ထုတ်လွှင့်ပြသသွားမယ်လို့ ဇာတ်လမ်းတွဲရိုက်ကူးသူ ဒါရိုက်တာ မျိုးမြင့်ဆွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
လူငယ်တွေ ၀န်းကျင်မှာ ထိတွေ့နေရတဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲအကျိုး ဆက်တွေကို
ပညာပေးအနေနဲ့ ရိုက်ကူးတင်ပြထားတဲ့ ဇာတ်လမ်းတွဲကို MRTV-4 နဲ့ SkyNet ရုပ်သံလိုင်းတွေမှာ
အောက်တိုဘာလ ဒုတိယပတ် အတွင်းမှာ စတင်ထုတ်လွှင့်ပြသသွားမယ်လို့ ဇာတ်လမ်းတွဲ
ရိုက်ကူးသူ ဒါရိုက်တာ မျိုးမြင့်ဆွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဇာတ်လမ်းတွဲအမည်ကို 'အဆုံးမဲ့ ခရီးသည် လမ်းပြကြယ်' လို့ပေးထားပြီး အပိုင်း ၁၀ ပိုင်းခွဲထား
ကာ တစ်ပိုင်းကို မိနစ် ၃၀ ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ် ဖွံ့ဖြိုးမှုအစီအစဉ်မှ လူငယ်တွေချည်းသာ ပါ၀င်သရုပ်ဆောင်
ထားပြီး ဇာတ်လမ်းတွဲ ထုတ်လွှင့်မယ့် အချိန်အတိအကျကိုတော့ ညှိနှိုင်းနေတယ်လို့လည်း
ပြောပါတယ်။
"ယနေ့လူငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အများဆုံးပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ၊ အရွယ်မတို
င်ခင် ကိုယ်ဝန်ဆောင်တဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို အဓိကထား တင်ပြ
ထားတဲ့ အသိပညာပေး ဇာတ်လမ်းတွဲပါ။ လူငယ်တွေရဲ့နေမှုထိုင်မှုပေါ်မူတည်ပြီး ကောင်းတာလည်း
ဖြစ်သွားနိုင်သလို မကောင်းတဲ့လမ်းကို လည်းရောက်နိုင်တယ်ဆိုတဲ့အကြောင်း လူငယ်တွေကို
အသိပေးချင်လို့ ရိုက်ကူးထားတာပါ"လို့ ဦးမျိုးမြင့်ဆွေက ပြောပါတယ်။
"အနုပညာအသိုင်းအဝိုင်းမှာရော လူငယ်တွေကြားထဲမှာပါ မူးယစ်ဆေးဝါး ပြဿနာဟာ သိသိ
သာသာ ကြီးထွားနေတာကို တွေ့ရပါတယ်။ မြို့ပြတွေမှာ တင်မကဘဲ ရပ်ကွက်ငယ်တွေက
ဆယ်ကျော်သက် လူငယ်တွေကအစ ဈေး ပေါပေါနဲ့ အလွယ်တကူ ၀ယ်လို့ရတဲ့ ကော်ရှူပြီး မူးယစ်
စေတဲ့နည်းကို သုံးနေတာကို တွေ့ရတယ်။ လူငယ်တွေကြားမှာ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာက
မူးယစ်ဆေးဝါးကိစ္စတွေ ဖြစ်နေတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲက မူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး
အသိပညာပေးတာကို ပိုပြီးဇောင်းပေးထားပါတယ်"လို့လည်း ဆိုပါတယ်။
ဒီဇာတ်လမ်းတွဲဟာ သူ့ရဲ့ဒုတိယမြောက် အသိပညာပေးဇာတ်လမ်းတွဲ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်း
ကလည်း အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးပညာပေး ရုပ်ရှင်ကား
'ပန်းပင်ကိုပျိုး ပန်းမိုးရွာစေ' ကို လူငယ်တွေနဲ့ပဲ ရိုက်ကူးပြီး မနှစ်က စက်တင်ဘာလမှာ ရုံတင်ပြသ
ခဲ့တယ် လို့ဆိုပါတယ်။
'အဆုံးမဲ့ ခရီးသည် လမ်းပြကြယ်' ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှု
အစီအစဉ်မှ စီစဉ်တင်ဆက်ပြီး ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ငွေကြေးထောက်ပံ့တာ ဖြစ်ပါ
တယ်။















