၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့က အဲဒီနှစ်အတွင်းပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကားကို အကဲဖြတ်ကြည့်ရှုပြီးတဲ့နောက် အကယ်ဒမီနဲ့ ထိုက်တန်တဲ့ ဇာတ်ကားခုနစ်ကားကို ရွေးထုတ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့က အဲဒီနှစ်
အတွင်းပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကားကို အကဲဖြတ်ကြည့်ရှုပြီးတဲ့နောက် အကယ်ဒမီနဲ့ ထိုက်တန်
တဲ့ ဇာတ်ကားခုနစ်ကားကို ရွေးထုတ်ခဲ့ပါတယ်။
ဒါရိုက်တာ ကြည်စိုးထွန်း ဦးဆောင်ပြီး ဒါရိုက်တာ ဦးသက်မောင်မောင်နဲ့ ဒေါ်သင်းသင်းယု၊ ဓာတ်ပုံ
ပညာရှင် ဦးထွန်းလှိုင်နဲ့ ဦးမောင်မောင်မြင့်၊ သရုပ်ဆောင် ဒေါ်ခင်သီတာထွန်းနဲ့ မောင်သန်းဝင်း၊
တည်းဖြတ်ပညာရှင် ဦးတင်ငြိမ်း၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ယဉ်ယဉ်လဲ့နဲ့ ဦးအေးကြူလေး၊
အသံပညာရှင် ဦးဖိုးထောင်နဲ့ ဦးကြည် မင်းသိမ်း၊ တေးဂီတပညာရှင် ဦးတင်ဝင်းလှိုင်နဲ့ ဦးစောနု၊
စာရေးဆရာမ နုနုရည်(အင်းဝ)၊ ရုပ်ရှင်အကြောင်းရေးသားသူ ဒေါ်ခင်ပန်နှင်းနဲ့ ဦးဝင်းသူ တို့ပါ၀င်တဲ့
အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ နှစ်လ ကြာ အကဲဖြတ်ခဲ့ကြတာဖြစ်ပါ
တယ်။
"ဒုတိယအဆင့် အကဲဖြတ်ဖို့က အဖွဲ့ဝင်တွေလည်း ဖွဲ့စည်းပြီးသွားပြီပေါ့။ အဲဒီဇာတ်ကား ခုနစ်ကား
ကို ဆက်လက်ပြီး စိစစ်အကဲဖြတ်သွားမှာပါ" လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ(၂)
ဖြစ်တဲ့ ဦးအေးကြူလေးက မြန်မာတိုင်း(မ်)ကိုပြောပါတယ်။
ပထမအဆင့်အကဲဖြတ်မှုမှ ထွက် ရှိလာတဲ့ ဇာတ်ကား ခုနစ်ကားမှာ 'လက်ပ'ံ၊ 'မော်ကင်းဥဒါန်း'၊
'ဥ'၊ 'ကယန်း အလှ'၊ 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ'၊ 'အမုန်း မီးတောက်'၊ 'အမွေခံထိုက်သူ ဖြစ်ပါစေ'
တို့ပဲဖြစ်ကြပါတယ်။
'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ရုပ်ရှင် ဇာတ်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် ပါ၀င်ထားသလို
ဇာတ်ကား ထုတ်လုပ်သူလည်းဖြစ်တဲ့ နဝရတ်က တော့ အကယ်ဒမီကို နှစ်တိုင်းရင်ခုန်သလို
ဒီနှစ်လည်း ရင်ခုန်တယ်လို့ ပြီးခဲ့တဲ့လက မြန်မာတိုင်း(မ်)နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
"အစ်မကတော့ နှစ်တိုင်း ရင်ခုန်နေတာပါပဲ။ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ခဏခဏ ပိုင်ဆိုင်ပြီး
ပါပြီ။ တိမ်မင်းသမီးကတော့ နဝရတ်တစ်ယောက်အတွက် မဟုတ်ဘဲ ပါ၀င်တဲ့လူတွေ အကုန်လုံး
ကောင်းကြတာ ဖြစ်လို့ အကုန်လုံးကို နဝရတ်နဲ့အတူ ရစေချင်တယ်"လို့ ပြောပါတယ်။
'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားမှာလည်း သူမရဲ့ သရုပ်ဆောင်ဟန်တွေက ပီပြင်လွန်းလှတာ
ကြောင့် အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း "နှစ်ကားစလုံးကိုတော့ အစ်မက စိတ်နှစ်ပြီး
သရုပ်ဆောင်ထားတာပါ။ ဒါပေမဲ့လည်း တိမ်မင်းသမီးကတော့ နှစ်ကိုယ်ခွဲလည်းဖြစ်တယ်၊
ဇာတ်ကား ရိုက်ဖို့အတွက်လည်း ကိုယ်တိုင် အစအဆုံး အဘက်ဘက်က ပါ၀င်လှုပ်ရှားထားတာ
ဆိုတော့ တိမ်မင်းသမီးအနေနဲ့တော့ ပိုရချင်မိတယ်"လို့ဆိုပါတယ်။
ကယန်းအလှကို ဖန်တီးသူ ဒါရိုက်တာ အောင်ကိုလတ်ကတော့ "ဒိုင်တွေနဲ့ ဆုံးဖြတ်ချက်ကိုပဲ
လေးလေးစားစားနဲ့ စောင့်နေပါတယ်။ အကယ်ဒမီက လူတိုင်းလိုချင်တဲ့အရာဆိုတော့ ကျွန်တော်
လည်း လိုချင်ပါတယ်။ ပေးရင်တော့ ယူမှာပေါ့။ မပေးရင်လည်း မယူဘူးပေါ့နော်"လို့ ပြောပါတယ်။
ဒုတိယအဆင့် အကဲဖြတ်အဖွဲ့ကို ဒါရိုက်တာ ဦးနှင်းမိုးက ဦးဆောင်ပြီး ဦးဇော်ထက်၊
ဦးမျိုးဇော်အောင်၊ ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦးနဲ့ ဦးဆန်နီတင်၊ ဇာတ်ညွှန်းပညာရှင်
ဒေါ်ခင်လေးသိမ့်နဲ့ ဦးချစ်ဦးညို၊ တည်းဖြတ်ပညာရှင် ဦးဆွေဆက်၊ သရုပ်ဆောင် ဦးဌေးအောင်နဲ့
ဦးစိုးသိမ်းထွဋ်၊ တေးဂီတပညာရှင် ဦးမောင်မောင်လတ်နဲ့ ဦးလှဆန်းဦး၊ အသံပညာရှင် ဦးအေးမြင့်နဲ့
ဦးကိုမြင့်၊ စာပေပညာရှင် ဦးနွမ်ဂျာသိုင်း၊ ဦးမြတ်ခိုင်၊ ဦးဝင်းသူတို့နဲ့ စက်တင်ဘာလထဲမှာ ဖွဲ့စည်း
ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှစတင်ပြီး အကဲဖြတ် ကြည့်ရှုနေကြပြီဖြစ်ပါတယ်။















