ဆရာကြီး ဂိုအင်ကာ ၏အရိုးပြာအား မြန်မာပြည်ရှိ မြို့သုံးမြို့၌ရေမျောမည်

ဆရာကြီး ဂိုအင်ကာ ၏အရိုးပြာအား မြန်မာပြည်ရှိ မြို့သုံးမြို့၌ရေမျောမည်

စက်တင်ဘာလ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ၌ ကွယ်လွန်သွားခဲ့သည့် ၀ိပဿနာ ကမ္မဌာန်းဆရာကြီးဦးဂိုအင်ကာ၏ အရိုးပြာကို ဆရာကြီးရဲ့ဆန္ဒအရ ဇာတိချက်ကြွေဖြစ် သည့် မြန်မာနိုင်ငံတွင်ရေမျောသွားမည်ဖြစ်သည်

စက်တင်ဘာလ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ၌ ကွယ်လွန်သွားခဲ့သည့် ၀ိပဿနာ ကမ္မဌာန်း
ဆရာကြီးဦးဂိုအင်ကာ၏ အရိုးပြာကို ဆရာကြီးရဲ့ဆန္ဒအရ ဇာတိချက်ကြွေဖြစ် သည့် မြန်မာနိုင်ငံတွင်
ရေမျောသွားမည်ဖြစ်သည်။

ဆရာကြီး၏ အရိုးပြာသည် ယနေ့ (အောက်တိုဘာ ရ ရက်) မနက် ၁၁ နာရီခန့်၌ အိန္ဒိယမှရောက်ရှိ
မည်ဖြစ်ပြီး ဆရာကြီးတည်ထောင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားလမ်းရှိ၊
အပြည်ပြည်ဆိုင်ရာ ဓမ္မဇောတိ ၀ိပဿနာရိပ်သာသို့ သယ်ဆောင်သွားမည်။ နေ့လည် ၂ နာရီခွဲမှ
၃ နာရီခွဲအထိ စုပေါင်း တရားထိုင်ကြမည်ဟု သိရသည်။

အောက်တိုဘာ ၈ ရက်နေ့တွင် ပြာတချို့ကို ဗိုလ်တစ်ထောင်ဆိပ်ကမ်းနေရာမှ ရန်ကုန်မြစ်အတွင်းသို့
မျောချသွားမှာဖြစ်သလို ညနေပိုင်း၌လည်း အလံပြဘုရားလမ်းရှိ ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ ဂိုအင်ကာ
မိသားစုနှင့် ဓမ္မယောဂီများမှ ဆရာကြီးအား ဂါရဝါပြုအခမ်းအနား ကျင်းပသွား မည်ဖြစ်သည်။
ကျန်ပြာများကို ဓမ္မဇောတိရိပ်သာတွင် တစ်ရက်တာ ထားရှိမည်ဖြစ်ပြီး ဓမ္မယောဂီများ သွားရောက်
ဂါရဝပြုနိုင်ကြမည်ဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့၊ နေ့လည်ပိုင်းမှာတော့ မြန်မာ့လေကြောင်းဖြင့် မြစ်ကြီးနားမြို့သို့ သယ်
ဆောင်သွားမည် ဖြစ်ပြီး တချို့ကို ဧရာဝတီမြစ်အတွင်းသို့ မျှောမည်ဖြစ်ကာ ထိုမှတဖန် ကျန်ပြာများ
ကို မြစ်ကြီးနားမှ မန္တလေးရှိ ဓမ္မမဏ္ဍလ ရေတံခွန်တောင်ရိပ်သာသို့ သယ်ဆောင်လာမည် ဖြစ်သည်။

နောက်ဆုံးအစီအစဉ်အဖြစ် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်တွင် သီတဂူဆရာတော်ကြီးမှ
ကြီးမှူးပြီးဆရာကြီး ဦးဂိုအင်ကာ၏ မွေးရပ်ဇာတိဖြစ်သည့် မန္တလေးမြို့မှနေ၍ ကျန်အရိုးပြာအားလုံး
အား ဧရာဝတီမြစ်အတွင်းသို့ မျှောသွား မည်ဖြစ်သည်။

အောက်တိုဘာ ၁၂ ရက်နေ့တွင် ကျန်ရစ်သူမိသားစုက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း မြို့ရှိ ဆရာကြီး၏နေ
အိမ်၌ ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတန်းများ ပေးဝေသွား မည်ဖြစ်သည်။ ဆရာကြီးဦးဂိုအင်
ကာသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအနှံ၌ ၀ိပဿနာ တရားစခန်းများ ဖွင့်လှစ်ထူထောင်ပေးခဲ့သည့်
ဂုဏ်ထူးဆောင်သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး