အလုံနံ့သာမီးထွန်းပွဲတော်တွင် နှစ်စဉ်ကျင်းပနေကြ ကာတွန်းပွဲ ဒီနှစ်မထည့်သွင်းဖြစ်

အလုံနံ့သာမီးထွန်းပွဲတော်တွင် နှစ်စဉ်ကျင်းပနေကြ ကာတွန်းပွဲ ဒီနှစ်မထည့်သွင်းဖြစ်

အလုံမြို့နယ်၊ နံ့သာလမ်းထဲမှာ နှစ်စဉ်သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတိုင်း ကာတွန်းပြပွဲကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ထည့်သွင်းမကျင်းပဖြစ်တော့ဘူးလို့ နံ့သာလမ်းမီးထွန်းပွဲတော်ကျင်းပရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းက မြန်မာတိုင်းမ်ကို ပြောပါတယ်။

အလုံမြို့နယ်၊ နံ့သာလမ်းထဲမှာ နှစ်စဉ်သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတိုင်း ကာတွန်းပြပွဲ
ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ထည့်သွင်းမကျင်းပဖြစ်တော့ဘူးလို့ နံ့သာလမ်းမီးထွန်းပွဲ
တော်ကျင်းပရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းက မြန်မာတိုင်းမ်ကို ပြောပါတယ်။

"နှစ်စဉ်သတင်းကျွတ်ပွဲတော်အတွင်း လမ်းတစ်လျှောက် ကာတွန်းဆရာ ၅၀ ကျော်ရဲ့ သတင်း
ကျွတ်နဲ့ဆိုင်တဲ့ ကာတွန်းလက်ရာတွေနဲ့ ခေတ်ကိုထင်ဟပ်တဲ့ နိုင်ငံရေး၊ လူမှုရေး ကာတွန်းပေါင်း
၁၀၀ ကျော်ကို ချိတ်ဆွဲပြသလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ လမ်းထဲမှာ ကားအရေအတွက် များလာ
တာကြောင့် ကာတွန်းချိတ်ဖို့ နေရာအခက်အခဲဖြစ်လာပါတယ်။ ကားတွေက အပြင်ထွက်ရပ်ထား
ဖို့လည်းခက်ခဲတော့ ဘုတ်တွေထောင်ပြီး ကာတွန်းပြပွဲလုပ်ဖို့အစီအစဉ်ကို ဒီနှစ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့
တာပါ"လို့ ဦးကျော်မင်းက ပြောပါတယ်။

မီးထွန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ စတုဒီသာအလှူပွဲတွေကိုတော့ ထုံးစံအတိုင်းပဲ ကျင်းပသွား
မှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်လောက်ကစပြီး သတင်းကျွတ်ပွဲတော်အထိမ်းအမှတ်
အဖြစ် နံ့သာလမ်းထဲမှာ ကျင်းပလာခဲ့ရာ ကာတွန်းပြပွဲကို ထည့်သွင်းမကျင်းပခြင်းဟာ ပထမဆုံး
အကြိမ်ပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး