သူဖွင့်သောတံခါး

သူဖွင့်သောတံခါး

ကျွန်တော် လန့်နိုးလာတယ်။ တော်တော်တော့စောတယ်။မနက်၄ နာရီခွဲလောက်ရှိမယ်။

ကျွန်တော် လန့်နိုးလာတယ်။ တော်တော်တော့စောတယ်။မနက်၄ နာရီခွဲလောက်ရှိမယ်။

ပြန်တော့မအိပ်တော့ဘူး။ လူရော၊ ဖုန်းရော Charging ပြည့်သွားပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်နေတယ်။ မြို့ပြင်နားလောက် မှာဆိုတော့ ဘေးမှာ တခြား ကပ်လျက် ဟိုတယ်
တွေလည်း ရှိတယ်။ ပင်ပင်ပန်းပန်းနဲ့ ရေရေ လည်လည် အိပ်ပစ်လိုက်တာ အိပ်မက်တောင်
ဘာမက်လိုက်မှန်းမသိ၊ တစ်နေကုန် ကားစီး လာတော့ နည်းနည်းပြိုင်းသွားလို့ ရှယ်ကျိုး
ပစ်လိုက်တာ။ Moline,lllinoisကနေ တစ်နေ ကုန် ကားစီးလာရတော့ ပင်ပန်းပြီး အိပ်ပျော်
သွားတယ်။ လောလောဆယ် ရောက်နေတဲ့ မြို့က Des Moines,lowa ကျွန်တော် 'ဘုရား'
မရခင်ကတည်းက စိတ်ထဲက သိနေတယ်။ ကျွန်တော့်ဘဝ အသက်တာမှာ အရွယ်ရောက်လာရင်
ခရီး တွေ တောက်လျှောက်သွားရတော့မယ်ဆိုတာကို။ ဒါပေမဲ့ ထူးဆန်းတာက ဘုရားရပြီး
အကုန် အမေရိကားရောက်သွားတယ်။

ကိုယ်ပဲ ကျန်ခဲ့တယ်။ အခုတော့ ကိုယ့်ဘာသာကိုယ်အိမ်မှာ အေးအေးဆေးဆေး နေတတ်ချိန်မှာပဲ
မနှစ်ကဆရာ David Lah ကိုယ်တိုင် Viber ကနေ ဆက်လာပြီး "ညီလေး အမေရိကကို
ဆရာနဲ့ လိုက်ခဲ့လို့ အဆင်ပြေလား ညီလေး" လို့မေးလာတော့ ရင်ထဲ ပီတိတွေ ပြည့်လျှံလာခါနီး
ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး ထွက် လာတဲ့ စကားက "ဆရာ ဘုရားပို့ရင် ကြိုက်တဲ့
နေရာပြော ဆရာ...အကုန်သွားမယ်" လို့ လေးစားစွာ ဖြေကြားခဲ့တယ်။ အသက်ရှင်တဲ့
ဘုရားကိုယ်တိုင် ပြောထားတာပဲ "နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို အရင်ရှာ ပြီးမှ ကျန်တဲ့
အရာတွေသင့်အားပေးမည်။" အမှန်တော့ အမေရိကမှမဟုတ်ဘူး။

ဘယ်နေရာရောက်ရောက် ငြိမ်သက်ခြင်းရှိရင် ဘာကိုမှ အဲဒီလောက်ကြီး ယောက်ယက်ခတ်
စရာမလိုဘူး။ 'သူ' စီစဉ်ထားတဲ့ အမှုတော်ထဲ မှာ ပြီးကတည်းက ဘာမှ အဲဒီလောက်ကြီး
တပ်မက်တာမျိုးမရှိတော့ဘူး။ ငြိမ်သက်ခြင်း ရဲ့ အရှင်ကို ရသွားမှတော့ ဘာလိုဦးမှာလဲ။
ရောင့်ရဲတင်းတိမ်လို့ ဖူလုံနေချိန်မှာမှ သူက တောက်လျှောက်ကို ပေးတော့တာပဲ။ သွား
လိုက်ရတဲ့ နိုင်ငံတွေများ ရှယ်ပဲ။ အရင် လောကီ အားဖြင့် သွားရတုန်းက ဘယ်လိုမှ မပျော်တဲ့
နိုင်ငံတွေကအစ အခု ဆရာတို့နဲ့သွားတော့ အဆင်ပြေ ချောမွေ့လို့ပေါ့။ ငယ်ငယ်တုန်းက
Macaulay Culkin ရိုက်တဲ့ ကလေးဇာတ်ကား တွေကိုကြည့်ပြီး အမေရိကကို အရမ်းသွား
ချင်ခဲ့မိတယ်။ ဒါပေမဲ့ ကြီးလာတော့ Hip Hop သီချင်းတွေနဲ့ အမေရိကန်ကပ္ပလီ ရူးပြန်ရော။
၂၀ အေးအေးဆေးဆေး ကျော်လာမှ "ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဓလေ့ အမွေအနှစ်" တွေကို
တန်ဖိုးထားလာတာ၊ သိလာတာက လည်း ဘယ်သူ့ကိုမှ ဇွတ်ကြီးအထင်ကြီးစရာ မလိုဘူးဆိုတာ
ကိုပေါ့။ ရေရေလည်လည် သွားချင်နေတုန်းက ရယ်ရတယ်။ ကျန်တဲ့ လူတွေ အားလုံးနီးပါး
သူပြင်ဆင်ထားတဲ့ လမ်းအတိုင်း အေးအေးဆေးဆေး လိုက် လျှောက်သွားရုံပဲ။

ဪ...St.Paul ဆိုရင် အေးအေးဆေးဆေး မြေထဲပင်လယ်ကိုပဲ Loop တစ်ခုလို ရှယ်ပတ်ခဲ့ရ
တာ။ ဒါပေမဲ့ အဆုံးအထိ တည်တည်ကြည်ကြည် ဘုရား ဘက်မှာ ပြတ်ပြတ်သားသားကို
ရပ်တည်ခဲ့ တယ်။ အပေါ်ရောက်ရင် သူနဲ့ ပြန်တွေ့ခွင့် ရမှာ။ ကဲ...ဒီတစ်ခေါက် ဒီလောက်နဲ့
အဆုံးသတ်ပါရစေဦး။ နောက်တစ်မြို့ကတော့ Dallas, Texas