လက်မှတ်

လက်မှတ်

လွင်ပြင်ကျယ်ကြီးထဲ လွင့်နေတယ်။ ကြည်လင်ပြတ်သားစွာ ထင်းလျက်ပေါ်လွင်နေတယ်။ချောမွေ့လွန်းအားကြီးတယ်။ ရှင်းလင်းလျက် ရှိတယ်။ သိသိသာသာကြီးကို သိသာလွန်းတယ်။

လွင်ပြင်ကျယ်ကြီးထဲ လွင့်နေတယ်။ ကြည်လင် ပြတ်သားစွာ ထင်းလျက်ပေါ်လွင်နေတယ်။
ချောမွေ့လွန်းအားကြီးတယ်။ ရှင်းလင်းလျက် ရှိတယ်။ သိသိသာသာကြီးကို သိသာလွန်း
တယ်။

သန့်ရှင်းလျက်ရှိတယ်။ လွင့်နေမြဲ ငြိမ်သက်ဆဲ...။ ပဲပလာတာစားရရင် အလွန်ကောင်းမယ်။
လက်ဖက်ရည်လေးပါ ပါလိုက်...အို... ကိုမျိုးကျော့အသံနဲ့ပြောရင် "ဘယ်လောက် ကောင်း
လိုက်မလဲ" ခုံးကျော်တံတားတွေပေါ် ဖြတ်သန်းသွား လာတဲ့ စိတ်ရဲ့ခံစားချက် အစိတ်အပိုင်းတွေ
ဟာ ၁၉၉၀ ပြည့်နှစ်လောက်က ထူးအိမ်သင်နဲ့ အောင်ရင်ကို လွမ်းမိတယ်။

Derick Miller သီချင်းဖွင့်ပါ။ ကျယ်လောင် စွာ ဖွင့်ထားပါ။ မြဝတီရုပ်မြင်သံကြားကို
နောက်ဆုံးတစ်ခေါက်ရောက်တော့ (ပထမ ဆုံးနှင့် နောက်ဆုံးသာဖြစ်၏) စက်ရုံပျက်ကြီး
နဲ့တောင် တူနေတယ်။ မှတ်ချက်။ နောက် တစ်ခေါက် ထပ်သွားဖို့ရာ မမျှော်မှန်း။ ၀ုိင်ဝိုင်းရဲ့
အိမ်လွမ်းသူသီချင်းရဲ့ အလယ် ကောင် တည့်တည့်မှာလာတဲ့ Bras ဆိုလို နေရာက ရထားကြီး
ခုတ်မောင်းလာတယ်။ ဘဝရဲ့ အတွေ့အကြံုများပေါ် ခုတ်မောင်း လာတယ်။

ခံစားချက်တွေ သယ်ဆောင်ပြီး ခုတ်မောင်း လာတယ်။ အတိတ်ပုံရိပ်တွေကို ကျော်ဖြတ်
လာခဲ့တယ်။ "အို...မိတ်ဆွေ သင့်ဘဝမှာ သင်ဘာမှ မဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်
စိတ်ဆင်းရဲနေရပါသလား။ ချောင်ပိတ်မိသလို ခံစားနေရ ပါသလား။ အနှောင့်အယှက်
အရမ်းဝင်နေ တယ်လို့ သိသိကြီးကို ကြံုတွေ့ရပါသလား။ သေချာပြီ၊ သင်မကြာခင်
အရမ်းအောင်မြင် ပါတော့မယ်။ ဒါ စာမေးပွဲစစ်တဲ့ကာလပါ။ ဒါတွေပြီးတာနဲ့ သင်မကြာခင်
'ကြီးသောအမှု'ကို ပြုရတဲ့ အခွင့်အလမ်းတွေ သင့်ကိုစောင့် မျှော်နေပါတယ်။

အမြဲမှတ်ထားပါ မိတ်ဆွေ။ သင်ဟာ VIP ဖြစ်တယ်။ Yes! အောင်မြင်သူ ထက်သာတဲ့
အောင်မြင်သူဖြစ်တယ်။ သင် ဘဝမုန်တိုင်း ထန်နေသလား၊ မပူနဲ့၊ သူ့ဆီ ဆက်သွယ်
လိုက်ပါ။ ဆက်သွယ်ရန် Contact ။ ပြောလို့ပြီးပြီးချင်းပင် ရထား ကြီး ဘူတာကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ သွားတယ်။ ဘေးမသီ ရန်မခဘဲ ရောက်သွားတယ်။
ခရီးသည်တွေ ဆင်းလာကြတယ်။

မုန့်သည်၊ ဈေးသည်တွေ တစ်ခဏအတွင်း ရှုပ်ယှက်ခတ်သွားတယ်။ ကားငှားတဲ့လူငှား၊
လာကြိုတဲ့လူက လာကြို။ ကိုယ်စီကိုယ်စီ လစ်သွားကြတယ်။ ချက်ချင်းပဲ ပြန်လည်
တိတ်ဆိတ်သွားတယ်။ စက်ရပ်ထားတဲ့ ရထားကြီး အငွေ့တလူလူထွက်ပြီး လွင့်နေဆဲ။
အငွေ့ တွေဟာ လွင့်နေဆဲ။ လွင်ပြင်ကျယ်ကြီးထဲမှာ လွင့်နေဆဲ။ လွင့်နေမြဲ...ငြိမ်သက်ဆဲ။