ခဏခဏ မှာနေကျ စကားတွေဆိုတော့လည်း တစ်ချိန်လုံးကြားနေရလို့ ဖီးလ်မငုပ်စေချင်ပါ။
ခဏခဏ မှာနေကျ စကားတွေဆိုတော့လည်း တစ်ချိန်လုံးကြားနေရလို့ ဖီးလ်မငုပ်စေချင်ပါ။
အခြေအနေ အရပ်ရပ်ကလည်း တည်မြဲ တယ်ဆိုတာ ရှိမှမရှိဘဲ။ နေပူလိုက်၊ မိုးအုံ့လိုက်နဲ့။ 'ကြွယ်'
တယ်လို့လည်း ပြောရင်ပြောပါစေ။ စိတ်နှလုံးထဲ သူတို့ ၀င်ကြည့်လို့မှမရတာ။ ဧကန်အမှန်ပြော
ရရင် ဒါတွေဟာ ရင်ထဲက လာတဲ့ စကားလုံးတွေလို့ မှတ်ယူကြပါကုန်။ 'လစ်တာနဲ့ဝင်တဲ့
၀ိုက်လက်သီးဆိုတာ ရှိတယ်' လို့ပြောရင် အပိုတွေလုပ်တယ်လို့ ဝေ-ဖန်လည်း အနေသာကြီးလို့
ယုံကြည်တယ်။ နည်းဥပဒေသ နားမလည်နိုင်သေးတဲ့ စိတ် နှလုံးတွေကို ဘယ်လိုသွားပြီး
အပေးအယူလုပ်မလဲ။ ဘယ်လိုသွားပြီး မိတ်သဟာယ ဖွဲ့မလဲ။ တစ်ခါတလေကျရင်လေ
(ဖြစ်နိုင် သလောက်ကို) ခပ်ဝေးဝေးက နေတာ အကောင်းဆုံးပဲ။
လေကောင်းလေသန့်ရတယ်... ကွပ်ပျစ်ကလေးနဲ့ လုံးဝအေးအေး ဆေးဆေး။ စာမေးပွဲရဲ့
မေးခွန်းတွေဟာ ကြမ်းတတ်ပါတယ်။ ပိုးစိုးပက်စက် ကြမ်းတတ် ပါတယ်။ မင်းနဲ့ကိုယ့်အတွက်
spotက ထွက်ပြီးသားပါ။ ပင်လယ်ထဲ လှိုင်းတံပိုး ထန်တတ်ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့
အားလျှော့တာမျိုးတော့လည်း 'မကျဆင်း' လိုက်စေချင်ပါ။ အမြစ်မတွယ်ခင် ခုတ်ဖြတ်ပစ်ပါ။
ကြွက်မလာခင် အမှိုက်ရှင်းပါ။ 'ငြိမ် သက်ခြင်း' ပျောက်လောက်အောင် စိုးရိမ်ပူပန် ကြောင့်ကြ
တာတွေ မရှိလိုက်ပါနဲ့။
အဲဒီလောက်ထိ တကယ်မလိုတာ။ ငြိမ်ငြိမ်လေးပဲလုံးဝအေးအေးဆေးဆေး... ဘာကြောင့်လဲ
သိလား။ ကျွန်တော်တို့ တိုက်စရာမလိုဘူး၊ သူ တိုက်ပေးပြီးသား။ အနေအထားချင်း နှိုင်းယှဉ်မယ့်
အစား ကိုယ့်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကိုသာပြီး ရင်းနှီးခွင့်ရနေရင် ခုချက်ချင်း မတ်တတ်ထပြီး
အိမ်ပရဝဏ်ကိုပတ်ပြီး ကလို့ ရနေပါပြီ။ "ထားလေ... သူ့စရိတ်နဲ့သူ သွားပါစေ..."
ကြားဖူးတယ်ဟုတ် အေး... လောလောဆယ် ဒီလောက်ပါပဲကွယ်။ မနက်ဖြန် နောက်တစ်မြို့
သွားရဦးမယ့်အတွက်အိပ်ပြီ။







