ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ
ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့ 'အချစ်များနဲ့ဖန်ဆင်းမယ်' ဇာတ်ကားကို စတင်ရုံတင်လာပြီး
ရန်အောင်၊ ရဲအောင်၊ ဟိန်းဝေယံ၊ ကောင်းခန့်၊ စူးရှ၊ သူရိယ၊ မေသန်းနု၊ ထွန်းအိန္ဒြာဗို၊ မေသ ဉ္ဇာဦး၊
စိုးပြည့်သဇင်၊ မိုးယုစံနဲ့ ဟာသသရုပ်ဆောင်များစွာတို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာလည်း "Noah" သရီးဒီဇာက်ကားကို စတင်ရုံတင်ထားပြီး မင်္ဂလာ(၂) နဲ့
ရှေ့ဆောင်(၁) ရုင်ရှင်ရုံတွေမှာလည်း "Captain America" သရီးဒီ အက်ရှင်ဇာက်ကားကို
စတင်ရုံတင်လာပါတယ်။
ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာတော့ "Still II" တူးဒီ ထိုင်းသရဲကားကို ရုံတင်ထားပါတယ်။
နေပြည်တော် ရုပ်ရှင်ရုံမှာတော့ "Rio 2" တူးဒီဇာတ်ကားကို စတင်ရုံတင်ထားပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ 'အချစ်များနဲ့ ဖန်ဆင်းမယ်' ဇာတ်ကားနဲ့
"Captain America" သရီးဒီ ဇာတ်ကားတို့ကိုပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့
'အချစ်များနဲ့ဖန်ဆင်းမယ်'၊ "Captain America" ဇာတ်ကားတို့အပြင် "Non Stop" တူးဒီ
အမေရိကန်အက်ရှင်ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့
'သေးသေးလေးပဲလား ကြီးကြီးလား' ဇာတ်ကားကို စတင်ရုံတင်လာပြီး ကျော်ရဲအောင်၊
သီဟတင်စိုး၊ ရဲအောင်၊ ရဲရင့်ထူး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ချစ်သုဝေ၊ ချမ်းမီမီကိုတို့ ပါ၀င်
သရုပ်ဆောင်ထားပါတယ်။
