ဒီတစ်ပတ်မှာတော့ ... သမ္မတ ရုပ်ရှင်ရုံမှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့
'အချစ်များနဲ့ ဖန်ဆင်းမယ်' ဇာတ်ကား ဆက်လက်ရုံတင်ထားပါတယ်။
သွင် နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာ "Sabotage" တူးဒီ အမေရိကန်အက်ရှင်ဇာက်ကား စတင်
ရုံတင်ထားပြီး မင်္ဂလာ(၂) နဲ့ ရှေ့ဆောင်(၁) ရုင်ရှင်ရုံတွေမှာတော့ "Captain America" သရီးဒီ
အက်ရှင်ဇာက်ကား ဆက်လက်ပြသနေပါတယ်။
ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာလည်း "Still II" တူးဒီ ထိုင်းသရဲကားကိုပဲ ဆက်လက်ရုံတင်ထားပါ
တယ်။
နေပြည်တော် နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာလည်း "Rio 2" တူးဒီဇာတ်ကား ဆက်လက်
ရုံတင်ထားပါတယ်။
ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာတော့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားပြီး နေတိုး၊ သက်မွန်မြင့်နဲ့
ဇင်ဝိုင်းတို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ 'စေတန်ရဲ့ ကချေသည်' ဇာတ်ကားနဲ့
"Captain America" သရီးဒီ ဇာတ်ကားတို့ကိုပဲ ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲ က
ရုပ်ရှင်ရုံတွေမှာတော့ 'စေတန်ရဲ ့ကချေသည်'၊ "Captain America" သရီးဒီဇာတ်ကားတို့အပြင်
"She Devil" တူးဒီ အမေရိကန်ဟာသဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း minitheatre မှာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့
'တောလည်မောတယ် ချစ်မယ်' ဇာတ်ကား စတင်ရုံတင်လာပြီး ပြေတီဦး၊ စိုးမြတ်သူဇာ၊
အိန္ဒြာကျော်ဇင်၊ ခင်လှိုင်နဲ့ တခြားဟာသ သရုပ်ဆောင်များစွာတို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
