ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁)နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာဝိုင်း
ရိုက်ကူးထားတဲ့ 'စေတန်ရဲ့ကချေသည်' ဇာတ်ကားကို စတင်ရုံတင်လာပြီး နေတိုး၊ သက်မွန်မြင့်နဲ့
ဇင်ဝိုင်းတို့ အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာလည်း "Rio 2" တူးဒီဇာတ်ကားကို စတင်ရုံတင်ထားပါတယ်။
ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာလည်း "The Amazing Spider Man 2" သရီးဒီ အက်ရှင်ဇာက်ကားကို
စတင်ရုံတင်လာပြီး ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာလည်း "Captain America" သရီးဒီ ဇာတ်ကားကို
စတင်ရုံတင်ထားပါတယ်။
နေပြည်တော် ရုပ်ရှင်ရုံမှာလည်း "Make Me Shudder 2" သရီးဒီဇာတ်ကားကို စတင်ရုံတင်လာ
ပါတယ်။
မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ 'စေတန်ရဲ့ ကချေသည်' ဇာတ်ကားကိုစတင်ရုံတင်လာပြီး
ရုပ်ရှင်ရုံ(၂)မှာ "The Amazing Spider Man 2" သရီးဒီအက်ရှင်ဇာက်ကားနဲ့ ရုပ်ရှင်ရုံ(၃)မှာတော့
"Make Me Shudder 2" သရီးဒီဇာတ်ကားကို စတင်ပြသနေပါပြီ။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံမှာတော့ 'စေတန်ရဲ့ ကချေသည်' ဇာတ်ကားနဲ့ "The Amazing
Spider Man" သရီးဒီ ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့
'စေတန်ရဲ့ ကချေသည်'နဲ့ "She Devil" တူးဒီ ဇာတ်ကားတို့အပြင် "The Amazing Spider Man"
သရီးဒီ ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ဥက္ကာဗိုရိုက်ကူးတဲ့ 'ခိုးခိုးခစ်ခစ်'
ဇာတ်ကားကို စတင်ရုံတင်လာပြီး မင်းမော်ကွန်း၊ နေဒွေး၊ နေဆန်း၊ စိုးပြည့်သဇင်၊ ဆုပန်ထွာနဲ့
ဟာသသရုပ်ဆောင်များစွာတို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
