ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်း
ရိုက်ကူးတဲ့ 'စေတန်ရဲ ့ကချေသည်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့ "Make Me Shudder 2" သရီးဒီထိုင်းသရဲကားကို စတင်ပြီး
ရုံတင်လာပါတယ်။
ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာတော့ "The Amazing Spider Man 2" သရီးဒီအက်ရှင်ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပြီး ရှေ့ဆောင်(၂) ရုံမှာတော့ "Rio 2" သရီးဒီ ကာတွန်းဇာတ်ကားကို
စတင်ရုံတင်ထားပါတယ်။
နေပြည်တော်ရုံမှာတော့ "Make Me Shudder 2" သရီးဒီဇာတ်ကားကို ဆက်လက်ရုံတင်ထား
ပါတယ်။
မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁)မှာ 'စေတန်ရဲ့ ကချေသည်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပြီး
ရုပ်ရှင်ရုံ(၂)မှာ "Make Me Shudder 2" သရီးဒီဇာတ်ကားနဲ့ ရုပ်ရှင်ရုံ (၃)မှာတော့
"The Amazing Spider Man 2" သရီးဒီဇာတ်ကားတို့ကို ဆက်လက်ပြသနေပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာ 'စေတန်ရဲ့ ကချေသည်' ဇာတ်ကားနဲ့ "The Amazing
Spider Man 2" သရီးဒီ ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့
'စေတန်ရဲ့ ကချေသည်'၊ "She Devil" တူးဒီဇာတ်ကား တို့အပြင် "The Amazing Spider
Man 2" သရီးဒီ ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ဥက္ကာဗို ရိုက်ကူးတဲ့ 'ခိုးခိုးခစ်ခစ်'
ဇာတ်ကားကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။
