ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့... သမ္မတ၊ သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့
'စေတန်ရဲ့ ကချေသည်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုင်ရှင်ရုံနဲ့ တော့ရွိုင်ရယ် ရုင်ရှင်ရုံတွေမှာလည်း "Make Me Shudder 2" သရီးဒီ
ထိုင်းသရဲကားကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။

ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာလည်း "The Amazing Spider Man 2" သရီးဒီ အက်ရှင်ဇာက်ကားကို
ဆက်လက်ရုံတင်ထားပြီး ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာတော့ "Make Me Shudder 2" သရီးဒီ
ထိုင်းသရဲ ဇာတ်ကားကို ရုံတင်ထားပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံမှာတော့ "Godzilla" သရီးဒီ အမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကို
စတင် ရုံတင်လာပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "Godzilla" သရီးဒီ အမေရိကန် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကား၊
ရုပ်ရှင်ရုံ(၂)မှာ "Make Me Shudder 2" သရီးဒီ ထိုင်းသရဲဇာက်ကားနဲ့ ရုပ်ရှင်ရုံ(၃)မှာတော့
"စေတန်ရဲ့ ကချေသည်" ဇာတ်ကားတို့ကို ပြသနေပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ "စေတန်ရဲ့ ကချေသည်"ဇာတ်ကားနဲ့ "Godzilla" သရီးဒီ
ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "စေတန်ရဲ့ ကချေသည်"၊ 
"Godzilla" သရီးဒီ ဇာတ်ကားတို့အပြင် "The Amazing Spider-Man 2" သရီးဒီဇာတ်ကားတို့ကို
ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့
"အလန်းဇယား ၂" ဇာတ်ကားကို စတင်ရုံတင်ထားပြီး မိုးအောင်ရင်၊ အောင်ရဲလင်း၊ ၀တ်မှုံရွှေရည်၊
နန်းဆုရတီစိုး၊ မိုးယုစံ၊ ချမ်းမီမီကို နဲ့ ဟာသသရုပ်ဆောင်များစွာတို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

 
[