ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်တော့... သမ္မတနဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့
'စေတန်ရဲ့ ကချေသည်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၁) နဲ့ (၂) ရုင်ရှင်ရုံတွေမှာလည်း "Make Me Shudder 2" သရီးဒီထိုင်း သရဲဇာတ်ကား
ကိုပဲ ဆက်ပြီး ရုံတင်ထားပါတယ်။

ရှေ့ဆောင်(၁) နဲ့ တော့ရွိုင်ရယ် ရုင်ရှင်ရုံတွေမှာတော့ "X-Men: Days of Future Past" သရီးဒီ
အက်ရှင် ဇာက်ကားကို စတင်ရုံတင်လာပြီး ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာတော့ "Make Me
Shudder 2" သရီးဒီ ထိုင်းသရဲဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံမှာလည်း "Godzilla" သရီးဒီ အမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကိုပဲ
ဆက်လက်ပြသနေပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာတော့ "Godzilla" သရီးဒီကား၊ ရုပ်ရှင်ရုံ(၂)မှာ "X-Men: Days of
Future Past" သရီးဒီကားနဲ့ ရုပ်ရှင်ရုံ(၃)မှာတော့ "စေတန်ရဲ့ ကချေသည်" ဇာတ်ကားတို့ကို
ပြသနေပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ "စေတန်ရဲ့ ကချေသည်"ဇာတ်ကားနဲ့ "Godzilla"
သရီးဒီ ဇာတ်ကားတို့ကို ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့
"စေတန်ရဲ့ ကချေသည်"၊ "Godzilla" သရီးဒီဇာတ်ကားတို့အပြင်"The Amazing Spider Man 2"
သရီးဒီဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့ "နင်စေရင်" ဇာတ်ကား
ကို စတင်ရုံတင်ထားပြီး ပြေတီဦးနဲ့ ၀တ်မှုံရွှေရည်တို့ အဓိကပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

 
[