ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁)၊ စံပြ(၃) နဲ့ Top Royal ရုပ်ရှင်ရုံတွေမှာ
စာရေးဆရာ မင်းလူကိုယ်တိုင် ၀တ္ထုရေး၊ ဇာတ်ညွှန်းဖွဲ့ပြီး ဒါရိုက်တာ ဥက္ကာစိုး ရိုက်ကူးတဲ့
'ခိုးခိုးခစ်ခစ်' ရုပ်ရှင်ကားကို စတင်ပြသလာပါတယ်။
အချစ်ဟာသဇာတ်လမ်းဖြစ်ပြီး မင်းမော်ကွန်း နဲ့ စိုးပြည့်သဇင်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထား
ကြပါတယ်။
နေပြည်တော်၊ မင်္ဂလာ(၁) နဲ့ စံပြ(၁) ရုပ်ရှင်ရုံတွေမှာတော့ "'Godzilla" သရီးဒီ အမေရိကန်
သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကိုပဲ ဆက်လက် ပြသနေပါတယ်။
ရှေ့ဆောင်(၂) နဲ့ မင်္ဂလာ(၂) ရုပ်ရှင်ရုံတွေမှာတော့ မင်းသမီး အိန်ဂျလီနာဂျိုလီ အဓိကပါ၀င်
သရုပ်ဆောင်ထားတဲ့ "'Maleficent" စိတ်ကူးယဉ်စွန့်စားခန်း ဇာတ်ကားသစ် ရုံတင်လာပါတယ်။
ရှေ့ဆောင်(၁) နဲ့ စံပြ(၂) ရုပ်ရှင်ရုံတွေမှာလည်း "X-men: Days of Future Past" သရီးဒီ
အက်ရှင်ဇာတ်ကားကို စတင် ပြသလာပါတယ်။
ဂျန်းရှင်းမော်တင် က ရုံတွေမှာတော့ 'ခိုးခိုးခစ်ခစ်'နဲ့ "'Godzilla" ဇာတ်ကားတွေကိုပဲ ဆက်လက်
ပြသနေပါတယ်။
ဂျန်းရှင်းစကွဲက ရုံတွေမှာတော့ 'ခိုးခိုးခစ်ခစ်'နဲ့ "Godzilla"ဇာတ်ကားတွေကို ဆက်လက်ပြသနေပြီး
"The Amazing Spider-Man 2" သရီးဒီ အက်ရှင်ဇာတ်ကားကိုတော့ ခုတစ်ပတ်မှ စတင်ပြသ
လာတာ ဖြစ်ပါတယ်။
ဂျန်းရှင်း minitheatre မှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး ပြေတီဦးနဲ့ ၀တ်မှုံရွှေရည်တို့ အဓိက
ပါ၀င်သရုပ်ဆောင်ထားတဲ့ 'နင်စေရင်' ဇာတ်ကားကိုပဲ ဆက်လက်ပြသနေပါတယ်။
