ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ဥက္ကာဗို
ရိုက်ကူးတဲ့ 'ခိုးခိုးခစ်ခစ်' ဇာတ်ကားကိုပဲ ဆက်ရုံတင်ထားပါတယ်။
မင်္ဂလာ(၁) နဲ့ နေပြည်တော် ရုပ်ရှင်ရုံတို့မှာတော့ နာမည်ကျော် မင်းသားကြီး တွမ်ခရုစ်
ပါ၀င်သရုပ်ဆောင်ထားတဲ့ "Edge of Tomorrow" သရီးဒီ အမေရိကန်သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကားကို စတင်ရုံတင်ထားပါတယ်။
မင်္ဂလာ(၂) နဲ့ ရှေ့ဆောင်(၂) ရုပ်ရှင်ရုံတို့မှာတော့ "Maleficent" သရီးဒီအက်ရှင်ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပြီး ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာလည်း "X-Men: Days of Future Past"
သရီးဒီအက်ရှင်ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။
မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာ "Edge of Tomorrow" သရီးဒီ အမေရိကန်သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား၊ ရုပ်ရှင်ရုံ(၂) မှာ "Maleficent" သရီးဒီအက်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ရုံ(၃)မှာတော့
'ခိုးခိုးခစ်ခစ်' ဇာတ်ကားတို့ကိုပြသနေပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ "ခိုးခိုးခစ်ခစ်" ဇာတ်ကားနဲ့ "Beauty and the Beast"
တူးဒီ ပြင်သစ် စိတ်ကူးယဉ် ဇာတ်ကားတို့ကိုပဲ ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံ
တွေမှာတော့ "ခိုးခိုးခစ်ခစ်"၊ "Beauty and the Beast" တူးဒီဇာတ်ကားတို့အပြင် "From Vegas
to Macau" တူးဒီတရုတ်အက်ရှင်ဇာတ်ကား တို့ကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့ 'လက်ပံ'ဇာတ်ကားကို
တစ်ကျော့ပြန် ရုံတင်ထားပြီး ပြေတီဦး၊ ဖွေးဖွေး၊ စိုးမြတ်သူဇာတို့ အဓိကပါ၀င်သရုပ်ဆောင်ထား
ပါတယ်။
