ဒီတစ်ပတ်မှာတော့ ... သမ္မတ ရုပ်ရှင်ရုံမှာ ဒါရိုက်တာ ဥက္ကာဗို ရိုက်ကူးတဲ့ 'ခိုးခိုးခစ်ခစ်'
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
သွင် ရုပ်ရှင်ရုံမှာလည်း "X-Men: Days of Future Past" သရီးဒီ အက်ရှင် ဇာတ်ကားကိုပဲ
ဆက်ပြီးပြသနေပါတယ်။
မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာတော့ "Iceman" သရီးဒီ တရုတ်ဟာသအက်ရှင်ဇာတ်ကားကို စတင်
ရုံတင်လာပြီး နေပြည်တော် ရုံမှာတော့ နာမည်ကျော် မင်းသားကြီး တွမ်ခရုစ် ပါ၀င်သရုပ်ဆောင်
ထားတဲ့ "Edge of Tomorrow" သရီးဒီအမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကိုပဲ
ဆက်လက်ပြသနေပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာလည်း "Maleficent" သရီးဒီ အက်ရှင်ဇာက်ကားကို ဆက်လက်ရုံတင်ထား
ပါတယ်။
ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာတော့ "Brick Mansions" တူးဒီ အက်ရှင်ဇာက်ကား စတင် ရုံတင်လာ
ပါတယ်။
ရှေ့ဆောင်(၂) နဲ့ တော့ရွိုင်ရယ် ရုင်ရှင်ရုံတွေမှာတော့ "Maleficent" သရီးဒီဇာတ်ကားကို
ဆက်လက်ရုံတင်ထားပါတယ်။
မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာ "Edge of Tomorrow" သရီးဒီ အမေရိကန် သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား၊ ရုံ၊(၂) မှာ "Brick Mansions" တူးဒီ အက်ရှင်ဇာက်ကားနဲ့ ရုံ၊(၃) မှာတော့ "Iceman"
သရီးဒီ ဇာတ်ကားတို့ကို ပြသနေပါတယ်။
ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာတော့ 'ခိုးခိုးခစ်ခစ်' ဇာတ်ကားနဲ့ "Beauty and the Beast"
ပြင်သစ် စိတ်ကူးယဉ် ဇာတ်ကားတို့ကိုပဲ ဆက်လက်ပြသနေပါတယ်။
ဂျန်းရှင်းစကွဲ က ရုပ်ရှင်ရုံတွေမှာတော့ 'ခိုးခိုးခစ်ခစ်'၊ "Beauty and the Beast" ဇာတ်ကားတို့
အပြင် "Haunt" အင်္ဂလိပ် သရဲကားတို့ကို ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'မော်ဒန်ရာဇဝင်'
ဇာတ်ကားကို စတင်ရုံတင်ထားပြီး ဝေဠုကျော်၊ ပြေတီဦး၊ ခန့်စည်သူ၊ ၀တ်မှုံရွှေရည်၊ စန္ဒီမြင့်လွင်၊
ထွန်းအိန္ဒြာဗိုနဲ့ အခြားဟာသသရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
