ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁)နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်း
ရိုက်ကူးပြီး ပြေတီဦးနဲ့ ၀တ်မှုန်ရွှေရည်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့ "နင်စေရင်"
ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့ "Maleficent" သရီးဒီ အက်ရှင် ဇာက်ကားကိုပဲ ဆက်လက်
ရုံတင်ထားပါတယ်။

နေပြည်တော် ရုင်ရှင်ရုံမှာတော့ "How to Train Your Dragon 2" သရီးဒီ ကာတွန်းဇာတ်ကား
ကို စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာတော့ "Brick Mansions" သရီးဒီအက်ရှင်ဇာက်ကားကိုပဲ ဆက်လက်
ရုံတင်ထားပါတယ်။

ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာတော့ တွမ်ခရုစ် ပါ၀င်သရုပ်ဆောင်ထားတဲ့ "Edge of Tomorrow"
သရီးဒီ အမေရိကန်သိပ္ပံ စိတ်ကူးယဉ်ဇာတ်ကားကို စတင်ပြသနေပါပြီ။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာ "နင်စေရင်" ၊ ရုပ်ရှင်ရုံ(၂)မှာ "How to Train Your Dragon 2"
သရီးဒီ ကာတွန်းဇာတ်ကားနဲ့ ရုပ်ရှင်ရုံ(၃) မှာတော့ "Iceman" သရီးဒီ တရုတ်ဟာသ အက်ရှင်
ဇာတ်ကားကို ပြသနေပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာ "နင်စေရင်" နဲ့ "Beauty and the Beast" ဇာတ်ကားတို့ကို
ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "နင်စေရင်" ၊ "Beauty and the Beast" ဇာတ်ကားတို့
အပြင် အင်္ဂလိပ်သရဲကား "Haunt" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'မော်ဒန်ရာဇဝင်'
ဇာတ်ကားကို ဆက်လက်ရုံတင်ထားပါတယ်။

 
[