ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်း
ရိုက်ကူးပြီး ပြေတီဦးနဲ့ ၀တ်မှုန်ရွှေရည်တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ 'နင်စေရင်' ဇာတ်ကား
ကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Transformers: Age of Extinction" အမေရိကန်သိပ္ပံ
စိတ်ကူးယဉ်ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံမှာတော့ "How To Train Your Dragon 2" သရီးဒီကာတွန်းဇာတ်ကား
ကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာတော့ "Transformers: Age of Extinction" အမေရိကန်သိပ္ပံ
စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင်(၂) ရုပ်ရှင်ရုံမှာတော့ တွမ်ခရုစ် ပါ၀င်သရုပ်ဆောင်ထားတဲ့ "Edge of Tomorrow"
သရီးဒီအမေရိကန်သိပ္ပံ စိတ်ကူး ယဉ်ရုပ်ရှင်ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "Transformers: Age of Extinction" ၊ ရုပ်ရှင်ရုံ(၂) မှာ
"How to Train Your Dragon 2" ဇာတ်ကားနဲ့ ရုပ်ရှင်ရုံ(၃) မှာတော့ 'နင်စေရင်' ဇာတ်ကား
တို့ကို ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'နင်စေရင်'၊ "Beauty and the Beast" ဇာတ်ကားတို့
အပြင် အင်္ဂလိပ်သရဲကား "Hunt" တို့ကို ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင် ကတော့ ပြန်လည်ပြင်ဆင်နေတာမို့ ရုပ်ရှင်ရုံတွေကိုလည်း ခေတ္တပိတ်ထားပါ
တယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'မော်ဒန်ရာဇဝင်'
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

 
[