ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်တော့ ... သမ္မတ နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ "နင်စေရင်"
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပြီး ပြေတီဦး၊ ၀တ်မှုန်ရွှေရည်တို့ အဓိကပါ၀င်သရုပ်ဆောင်
ထားပါတယ်။

မင်္ဂလာ(၁)၊ မင်္ဂလာ(၂) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတို့မှာလည်း "Transformers: Age of
Extinction" သရီးဒီအက်ရှင် ဇာက်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော် ရုင်ရှင်ရုံမှာတော့ "Oculus" တူးဒီအင်္ဂလိပ်သရဲကားကို စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာတော့ "Transformers: Age of Extinction" သရီးဒီအက်ရှင်
ဇာက်ကားနဲ့ ရှေ့ဆောင်(၂) ရုံမှာလည်း "How to Train Your Dragon 2" သရီးဒီကာတွန်း
ဇာတ်ကားကိုပဲ ဆက်လက်ပြသနေပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁)မှာတော့ "Transformers: Age of Extinction" သရီးဒီဇာက်ကား ၊
ရုပ်ရှင်ရုံ(၂) မှာ "Oculus" တူးဒီသရဲကားနဲ့ ရုပ်ရှင်ရုံ(၃) မှာတော့ "နင်စေရင်" ဇာတ်ကားကို
ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'နင်စေရင်'၊ "In The Dark" တူးဒီတရုတ်သရဲကားတို့အပြင်
တူးဒီ အိန္ဒိယဟာသဇာတ်ကား "Main Tera Hero" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ သိန်းဟန်(ဗီးနစ်)ရိုက်ကူးတဲ့
'အဆုံးမဲ့အချစ်' ဇာတ်ကားကို စတင်ရုံတင်လာပြီး ဝေဠုကျော်၊ နေတိုး၊ ၀တ်မှုံရွေရည် တို့အဓိက
ပါ၀င်သရုပ်ဆောင်ထားပါတယ်။

 
[