ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ
ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးပြီး ဝေဠုကျော်၊ ခန့်စည်သူ၊ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊
၀တ်မှုံရွှေရည်နဲ့ စန္ဒီမြင့်လွင်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့ 'မော်ဒန် ရာဇဝင်' ဇာတ်ကား
စတင်ရုံတင် လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Transformers: Age of Extinction" သရီးဒီ အက်ရှင်ဇာတ်ကား
ကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော် ရုံမှာတော့ "Dawn of the Planet of the Apes" သရီးဒီ သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာတော့ "Transformers: Age of Extinction" သရီးဒီ အက်ရှင်
ဇာတ်ကားကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။

ရှေ့ဆောင်(၂) ရုပ်ရှင်ရုံမှာတော့ "Oculus" တူးဒီ သရဲကား စတင်ရုံတင်လာပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁)မှာတော့ "Dawn of the Planet of the Apes" သရီးဒီ သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား၊ ရုပ်ရှင်ရုံ(၂) မှာ "Oculus" တူးဒီ သရဲကားနဲ့ ရုပ်ရှင်ရုံ(၃) မှာတော့ 'မော်ဒန်ရာဇဝင်'
ဇာတ်ကားတို့ ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "In the Dark" တူးဒီသရဲကား၊ 'မော်ဒန်ရာဇဝင်' နဲ့
ဟောင်ကောင်အက်ရှင် ဇာတ်ကား "Z- storm" တို့ ရုံတင်လာပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးတဲ့
'အဆုံးမဲ့အချစ်'ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

 
[