ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ
'မော်ဒန်ရာဇဝင်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Dawn of the Planet of the Apes" သရီးဒီ သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကားကို စတင်ရုံတင်လာပါပြီ။

နေပြည်တော် ရုံမှာတော့ ပြလက်စ "Dawn of the Planet of the Apes" သရီးဒီ
သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။

ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာလည်း "Transformers: Age of Extinction" သရီးဒီ အက်ရှင်
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင် ထားပါတယ်။

ရှေ့ဆောင်(၂) ရုပ်ရှင်ရုံမှာတော့ "The RAID 2" တူးဒီ အင်ဒိုနီးရှားအက်ရှင်ဇာတ်ကားကို
စတင်ရုံတင်လာပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာတော့ "Dawn of the Planet of the Apes" သရီးဒီသိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား၊ ရုပ်ရှင်ရုံ(၂) မှာ "The RAID 2" တူးဒီအက်ရှင်ကားနဲ့ ရုပ်ရှင်ရုံ(၃) မှာတော့
'မော်ဒန်ရာဇဝင်' ဇာတ်ကားတို့ ပြသနေပါတယ်။

ဂျန်းရှင်းစကွဲ က ရုပ်ရှင်ရုံတွေမှာတော့ "In the Dark" တူးဒီသရဲကား၊ 'မော်ဒန်ရာဇဝင်' နဲ့
ဟောင်ကောင်အက်ရှင် ဇာတ်ကား "Z-storm" တို့ကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားပြီး
နေတိုး၊ ဝေဠုကျော်၊ ၀တ်မှုံရွှေရည်၊ ချောရတနာတို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့
'၃၉ ဗိုက်ပူ' ဇာတ်ကားကို စတင်ပြီး ရုံတင်လာပါတယ်။

 
[