ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့... သမ္မတ နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ 'မော်ဒန်ရာဇဝင်' မြန်မာဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။

တော့ရွိုင်ရယ် ရုပ်ရှင်ရုံမှာတော့ "Dawn of the Planet of the Apes" သရီးဒီ သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာတော့ "Hercules" သရီးဒီ ရောမရုပ်ရှင်ဇာတ်ကားနဲ့ မင်္ဂလာ(၂) ရုပ်ရှင်ရုံ
မှာတော့ "Dawn of the Planet of the Apes" သရီးဒီသိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော်၊ရုပ်ရှင်ရုံ(၁) မှာတော့ "Lucy" သရီးဒီ သိပ္ပံ စိတ်ကူးယဉ် အက်ရှင်ဇာတ်ကားနဲ့
အသစ်ထပ်ဖွင့်လှစ်လိုက်တဲ့ နေပြည်တော်၊ရုံ(၂) နဲ့ ရုံ(၃) မှာတော့ "Dawn of the Planet of
the Apes" သရီးဒီ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။

ရှေ့ဆောင်၊ရုပ်ရှင်ရုံ(၁) ရုပ်ရှင်ရုံမှာတော့ "Hercules" သရီးဒီ ရောမရုပ်ရှင်ဇာတ်ကား
စတင်ရုံတင်လာပြီး ရှေ့ဆောင်၊ရုံ(၂) မှာတော့ "Transformers: Age of Extinction" သရီးဒီ
သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကို ရုံတင်ထားပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "Hercules" ဇာတ်ကား၊ မင်္ဂလာစံပြ၊ရုံ(၂) မှာ "Lucy"
ဇာတ်ကားနဲ့ မင်္ဂလာစံပြရုံ(၃) မှာတော့ 'မော်ဒန်ရာဇဝင်' ဇာတ်ကားတို့ ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "In the Dark" တူးဒီသရဲကား၊ 'မော်ဒန်ရာဇဝင်' နဲ့
တရုတ်မြေခွေးသရဲကား "Extreme Fox" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
ရိုက်ကူးထားပြီး ပြေတီဦး၊ မိုးဟေကို၊ Laila Khan တို့ အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့
'တိုက်ဆိုင်မှုရှိလျှင်' ဇာတ်ကား စတင်ပြီးရုံတင်လာပါတယ်။

 
[