ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်တော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ
ဒါရိုက်တာသိန်းဟန် (ဖီးနစ်) ရိုက်ကူးထားပြီး နေတိုး၊ ဝေဠုကျော်နဲ့ ၀တ်မှုံရွှေရည်တို့ အဓိကပါ၀င်
သရုပ်ဆောင်ထားတဲ့ 'အဆုံးမဲ့အချစ်' ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Hercules" သရီးဒီ ရောမရုပ်ရှင်ဇာတ်ကားကို စတင်ရုံတင်လာပါ
တယ်။

နေပြည်တော် ရုပ်ရှင်ရုံ(၁) မှာတော့ "Lucy" အမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားနဲ့
နေပြည်တော် ရုံ(၂) နဲ့ ရုံ(၃) တို့မှာတော့ "Dawn of the Planet of the Apes" သရီးဒီသိပ္ပံ
စိတ်ကူးယဉ်ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

ရှေ့ဆောင်ရုပ်ရှင်ရုံ(၁) မှာ "Hercules" ဇာတ်ကားနဲ့ ရုံ(၂) မှာတော့ "Transformers: Age of
Extinction" သရီးဒီ သိပ္ပံ စိတ်ကူးယဉ်ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာတော့ "Hercules" ဇာတ်ကား၊ ရုံ(၂) မှာ "Lucy" ဇာတ်ကားနဲ့ ရုံ(၃)
မှာတော့ 'အဆုံးမဲ့အချစ်' ဇာတ်ကားတို့ကို ပြသနေပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "Extreme Fox" တရုတ်မြေခွေးသရဲကား၊
'အဆုံးမဲ့အချစ်' နဲ့ သိပ္ပံအက်ရှင် ဇာတ်ကား "Guardians of Galaxy" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)
ရိုက်ကူးထားပြီး ပြေတီဦး၊ မိုးဟေကို၊ Laila Khan တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့
'တိုက်ဆိုင်မှုရှိလျှင်' ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။

 
[