ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ
ဒါရိုက်တာ သိန်းဟန်(ဖိးနစ်) ရိုက်ကူးထားပြီး နေတိုး၊ ဝေဠုကျော်နဲ့ ၀တ်မှုံရွှေရည်တို့ အဓိက
ပါ၀င်သရုပ်ဆောင်ထားတဲ့ 'အဆုံးမဲ့အချစ်' ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Hercules" သရီးဒီ ရောမရုပ်ရှင်ဇာတ်ကားကိုပဲ ဆက်လက်
ရုံတင်ထားပါတယ်။

နေပြည်တော်ရုပ်ရှင်ရုံ(၁) မှာတော့ "Guardians of the Galaxy" သရီးဒီ သိပ္ပံအက်ရှင်
ဇာတ်ကားနဲ့ ရုံ(၂) နဲ့ ရုံ(၃) တို့မှာတော့ "The Expendables 3" တူးဒီအမေရိကန်
အက်ရှင်ဇာတ်ကားတို့ကို စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင်ရုပ်ရှင်ရုံ(၁) မှာ "Hercules" ဇာတ်ကားနဲ့ ရုံ(၂) မှာ "The Expendables 3"
ဇာတ်ကား စတင် ရုံတင်လာပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာတော့ "Guardians of the Galaxy" ဇာတ်ကား၊ ရုံ(၂) မှာ
"The Expendables 3" ဇာတ်ကားနဲ့ ရုံ(၃) မှာ 'အဆုံးမဲ့အချစ်' တို့ကို ရုံတင်ထားပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "Guardians of the Galaxy" ဇာတ်ကား၊ 'အဆုံးမဲ့အချစ်'
နဲ့ လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကား "Rage" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသန့်လွင် ရိုက်ကူးထားပြီး
ဟိန်းဝေယံ၊ စိုးပြည့်သဇင်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့ 'အချစ်များနဲ့ ဖန်ဆင်းမယ်'
ဇာတ်ကား စတင်ရုံတင်လာပါတယ်။

 
[