မီနူးစာအုပ်ရဲ့ ပထမစာမျက်နှာမှာ Phayre's Gastronomy စားသောက်ဆိုင်က ဆိုင်အမည်
ပေးဖြစ်ပုံကို ရှင်းပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဗြိတိန်အစိုးရလက်ထက်တုန်းက ပထမဦးဆုံး ကော်မရှင်နာမင်းကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ Arthur Purves Phayre ရဲ့ နာမည်ကို ယူထားတာပါတဲ့။
အခု 'ပန်းဆိုးတန်း'လို့ သိထားကြတဲ့ လမ်းမကြီးဟာ တစ်ခါက သူ့နာမည်ကို ပေးထားခဲ့ဖူးပါတယ်။
ဒီဆိုင်ကလေးကတော့ တော်တော်လေးခေတ်ဆန်တဲ့ စားသောက်ဆိုင်နဲ့ ဘားတစ်ခု
ဖြစ်တာကြောင့် အစားအသောက်တွေက အရသာရှိတဲ့အပြင် ရွေးချယ်သင့်တဲ့နေရာလေးတစ်ခုလို့
ပြောလို့ရပါတယ်။
ဆိုင်ရဲ့ အပြင်အဆင်ပိုင်းကတော့ တော်တော်လေး ရိုးရှင်းပါတယ်။ စတားဘတ်ခ်ကော်ဖီ ရနိုင်ပြီး
၀ိုင်ဖိုင်အလကားပေးထားတယ်လို့ သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ရေးထားပါတယ်။
MTV2 ဂီတဗီဒီယိုတွေကို နံရံပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြထားပါတယ်။
ပတ်ဝန်းကျင်လေးက မယုံကြည်နိုင်လောက်အောင် သက်သောင့်သက်သာဖြစ်စေပါတယ်။
ဒါကတော့ Phayre ရဲ့ ထင်ရှားတဲ့ ထူးခြားချက်ပါ။ မိုးရာသီရဲ့ ပူအိုက်လွန်းတဲ့နေ့မျိုးတွေမှာ
နေရာတိုင်းဟာ သက်သောင့်သက်သာဖြစ်စေပေမယ့် စိုစွတ်တဲ့ ညနေခင်းတွေကို
အေးအေးဆေးဆေး ကျော်ဖြတ်ဖို့ အေးအေးချမ်းချမ်းရှိလှတဲ့ ဒီနေရာလေးကတော့
အတိုင်းထက်အလွန်ပါပဲ။
အခုအချိန်မှာတော့ ဆိုင်ဖွင့်ကာစဖြစ်တာမို့ မီနူးမှာ ရွေးစရာသိပ်မရှိသေးပေမယ့် သိပ်မကြာခင်မှာ
အစားအစာအမည်တွေကို တိုးချဲ့ရောင်းချပေးဖို့ရှိတယ်လို့ ဆိုင်ဝန်ထမ်းတွေက ပြောပါတယ်။
အခုတော့ အနောက်တိုင်းအစားအစာအဖြစ် ဆင်းန်ဝှစ်ချ်တွေ ရနိုင်သလို အာရှအစားအစာ
တချို့လည်း ရပါတယ်။
ဆင်းန်ဝှစ်ချ်အားလုံး အာလူးချောင်းကြော် တွဲဖက်ချပေးပါတယ်။ အာလူးချောင်းကြော်တွေက
အကောင်းဆုံးလို့ ပြောရမှာပါ။ အငံနဲ့ အစပ် နှစ်မျိုးစလုံး ထည့်ပေးထားပါတယ်။
ဒီစားသောက်ဆိုင်မှာ ရနိုင်တဲ့ တစ်မျိုးတည်းသော အသီးအရွက် ဘာဂါ (The Garden Burger)
ကတော့ ခြောက်ကပ်ကပ်နိုင်လှပေမယ့် အသားကင်နဲ့ ကြက်သား ဆင်းန်ဝှစ်ချ်တွေက
တော်တော်လေးကောင်းတယ်လို့ အသားနဲ့ လုပ်ထားတဲ့ ဆင်းန်ဝှစ်ချ်တွေကို စားတဲ့သူတွေက
မှတ် ချက်ပေးထားပါတယ်။
အနောက်တိုင်း အစားအစာတွေကို အဓိကထားရောင်းချတဲ့ ရန်ကုန်မြို့ထဲက တခြားဆိုင်တွေနဲ့
ယှဉ်လိုက်ရင် ဒီဆိုင်လေးက ဈေးသိပ်မကြီး လှပါဘူး။
ဆင်းန်ဝှစ်ချ်တစ်ခု၊ အာလူးချောင်းကြော် အပိုတစ်ပွဲနဲ့ ကိုကာကိုလာ တစ်ဘူးကို ကျပ် ၆,၀၀၀
ကျသင့်ပါတယ်။
ဈေးနှုန်းချိုသာပြီး ပတ်ဝန်းကျင်ကလေးကလည်း အရမ်းကောင်းတဲ့အတွက် ရန်ကုန်မြို့ထဲက
စားသောက်ဆိုင်တွေထဲမှာ လက်ခံချင်စရာဆိုင်ကောင်းလေး တစ်ဆိုင်အဖြစ် Phayre's
Gastronomy လည်း ပါ၀င်လာခဲ့ပါပြီ။
Phayre's Gastronomy
အမှတ် ၂၉၂၊ ပန်းဆိုးတန်းလမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်။
Food - 8
Beverage - 9
Service - 9
Xfactor - 10
Value for money - 9
သီရိမင်းထွန်း ဘာသာပြန်သည်။
