ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့... သမ္မတနဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်)
ရိုက်ကူးထားပြီး နေတိုး၊ ဝေဠုကျော်နဲ့ ၀တ်မှုံရွှေရည်တို့ အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့
'အဆုံးမဲ့အချစ်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

တော့ပ်ရွိုင်ရယ် နဲ့ မင်္ဂလာ(၂) ရုပ်ရှင်ရုံတွေမှာတော့ "Teenage Mutant Ninja Turtles"
သရီးဒီအမေရိကန်သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကား စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာတော့ "Into the Storm" တူးဒီအမေရိကန် သဘာဝဘေးဒုက္ခဆိုင်ရာ
ရုပ်ရှင်ဇာတ်ကားကို စတင်ရုံတင်ထားပါတယ်။

နေပြည်တော်ရုပ်ရှင်ရုံ(၁) မှာတော့ "Guardians of the Galaxy" သရီးဒီသိပ္ပံအက်ရှင်ဇာတ်ကား
ကိုပဲ ဆက်လက်ရုံတင်ထားပြီး ရုံ(၂) မှာ "Teenage Mutant Ninja Turtles" ဇာတ်ကားနဲ့
ရုံ(၃)မှာတော့ "The Expendables 3" တူးဒီ အမေရိကန် အက်ရှင်ဇာတ်ကားတို့ကို ရုံတင်ထား
ပါတယ်။

ရှေ့ဆောင်ရုပ်ရှင်ရုံ(၁) မှာ "Into the Storm" ဇာတ်ကားနဲ့ ရုံ(၂) မှာတော့ "Teenage Mutant
Ninja Turtles" ဇာတ်ကားတို့ကို ရုံတင်ပြသနေပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "Guardians of the Galaxy" ဇာတ်ကား၊ ရုံ(၂) မှာ
"Teenage Mutant Ninja Turtles" ဇာတ်ကားနဲ့ 'အဆုံးမဲ့အချစ်' တို့ကို ရုံတင်ထားပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "Guardians of the Galaxy" ဇာတ်ကား၊ 'အဆုံးမဲ့အချစ်'
နဲ့ လျှို့ဝှက်သည်းဖို အက်ရှင်ဇာတ်ကား "Rage" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးထားပြီး မင်းအုပ်စိုး၊
ခင်ဇာခြည်ကျော်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့ 'လူရွှင်တော်အိမ်မက်' ဇာတ်ကားကို
စတင်ရုံတင်လာပါတယ်။

 
[