ဂျပန် ၀ါဆာဘီ dressing နှင့် ပြည်ကြီးငါးသုပ်

ဂျပန် ၀ါဆာဘီ dressing နှင့် ပြည်ကြီးငါးသုပ်

ဩဂုတ်လအတွက် ၀ါဆာဘီကို ဓာတ်ကျနေတယ်လို့ ပြောရမလားပဲ။ ဒီတစ်ပတ်လည်း
၀ါဆာဘီလေး ထည့်ချက်မိသွားတယ်။ အခိုးပွင့်ပြီး ခံတွင်းလိုက်တာပေါ့လေ။

ပြည်ကြီးငါးကို သုပ်စားဖို့ စီစဉ်ထားပါတယ်။ သူ့ကို ဆလတ်ရွက်တွေနဲ့ ဂျပန်စတိုင်ဝါဆာဘီ
dressing နဲ့ သုပ်ပါမယ်။

နောက် ရှီမိဂျိ လို့ခေါ်တဲ့ မှိုကို pro mart မှာ တွေ့လို့ ၀ယ်လာခဲ့ပါတယ်။

သူ့ကိုကြော်စားရင် သိပ်ကောင်းပါတယ်။ ရိုးရိုးလေးချက်ရင်တောင်မှ အရသာက ချိုပြီးကောင်းလှ
ပါတယ်။

ကြက်သွန်ဖြူနဲ့ ကြော်ပါမယ်။ သက်သတ်လွတ်သမားတွေလည်း စားလို့ရတာပေ့ါ။

ရှီမိဂျိမှိုကြော်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ရှီမိဂျိမှို ၁၂၅ ဂရမ် (၁ ထုပ်)
  • ကြက်သွန်ဖြူ ၃ မြွှာ (ညက်ညက်ထောင်းလျက်)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ဆား အနည်းငယ်

ပြင်ဆင်ပုံ

ရှီမိဂျိမှိုကို အထုပ်ထဲက အသာထုတ်ပြီး အောက်ခြေကို ဖြတ်ပါ။

ရေဖြင့် အသာလေးဆေးပါ။

ပြီးရင် ဒယ်အိုးထဲမှာ ဆီကိုထည့်ကာ ကြက်သွန်ဖြူတွေကို ဆီသတ်ပါ။

တစ်မိနစ်ဆို ရပါပြီ။

မှိုတွေကိုထည့်ပြီး နူးအိလာတဲ့အထိ ကြော်ပါ။

အသားကင်၊ ဟင်းရည်၊ ထမင်း ကြိုက်နှစ်သက်ရာနဲ့ တွဲဖက်ပြီးစားနိုင်ပါတယ်။

အရသာအတွက် ဆားကိုထည့်ပါ။

ငရုတ်ကောင်းအဖြူမှုန့်ကို ကြိုက်တတ်ရင် ထည့်စား နိုင်ပါတယ်။


ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ပြည်ကြီးငါး ၄၅၀ - ၅၀၀ ဂရမ်
  • ဂျပန်ပဲငံပြာရည် (Kikkoman soy sauce) စားပွဲဇွန်း ၁ ဇွန်းခွဲ
  • Mirin စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ဂျပန်ဆန်ရှလကာရည် (Japanese rice vinegar) စားပွဲဇွန်း ၁ ဇွန်း
  • ၀ါဆာဘီအနှစ် (အရည်အသွေးကောင်းကောင်း) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းလှော်ဆီ စားပွဲဇွန်း ၁/၂ ဇွန်း
  • နာနတ်ပွင့် ၁ ပွင့်
  • ဘရိုကိုလီ အပွင့်သေး တစ်ဝက်
  • ဂျူးဖူး လက်တစ်ဆုပ်စာ

ပြင်ဆင်ပုံ

ပြည်ကြီးငါးများကို ရေဆေးပြီး ရေစင်အောင် စစ်ပါ။

နောက်ပြီး မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့ ခြောက်သွေ့အောင် အသာလေးစုပ်ယူပါ။

ပြီးရင် လက်တံတွေကိုလှီးထုတ်ပြီး ၂ ပိုင်း/ ၃ ပိုင်း ပိုင်းပါ။

အပေါ်ပိုင်းကို ထက်ခြမ်းခြမ်းပြီး ဓားဦးချွန်လေးနဲ့ ဆနွင်းမကင်းပုံစံ မွှန်းပြီးရင် နှစ်လက်မ၊
သုံးလက်မပတ်လည် အရွယ်လေးတွေဖြစ်အောင် ဖြတ်ပါ။

နောက်တစ်ဆင့်မှာ ပြည်ကြီးငါးတွေကို ရေနွေးဖြောဖို့အတွက် ရေနဲ့ နာနတ်ပွင့်ကို အိုးတစ်အိုးထဲမှာ
ထည့်ကာ ပွက်အောင်တည်ပါ။

ဆားအနည်းငယ် ထည့်ပါ။

ရေနွေးပွက်ပွက်ဆူရင် ပြည်ကြီးငါးတွေကို ရေနွေးဖြောပါ။

ပြည်ကြီးငါးတွေ လိပ်တက်လာရင် ဆယ်ယူပြီး ဆန်ခါတစ်ခုနဲ့ ရေစစ်ထားပါ။

ပဲငံပြာရည်နဲ့ ၀ါဆာဘီကိုရောပြီး သမအောင်ဖျော်ပါ။

နောက် ဆန်ရှလကာရည်နဲ့ mirin တို့ကို ထည့်ပြီး ဆီတွေနဲ့ရောပါ။

ပြီးတဲ့အခါ ကင်းမွန်တွေကို ဆမ်းပြီး ပန်းကန်တစ်လုံးထဲမှာ ပြင်ပါ။

အရွက်တွေကို ဆားရေ နွေးမှာ ရေနွေးဖြောပြီးရင် ရေခဲရေထဲထည့်ကာ အအေးခံပါ။

စိမ်းစိမ်းစိုစိုနဲ့ လှသလို စားလို့လည်း ကောင်းပါတယ်။

စားခါနီးမှ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီး နှံ့အောင် မွှေပါ။

ဆလတ်ရွက်တွေနဲ့ အစားထိုးလည်း ရပါတယ်။

 
[