ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ် (ဩဂုတ် ၂၉ - စက်တင်ဘာ ၄) မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ (၁) နဲ့
တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးထားပြီး
ပြေတီဦး၊ မိုးဟေကိုနဲ့ Laila Khan တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ 'တိုက်ဆိုင်မှုရှိလျှင်'
ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Teenage Mutant Ninja Turtles" သရီးဒီ အမေရိကန်သိပ္ပံ
စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံ(၁) မှာတော့ "Guardians of the Galaxy" သရီးဒီသိပ္ပံအက်ရှင်ဇာတ်ကား
ကိုပဲ ဆက်လက် ရုံတင်ထားပြီး ရုံ(၂) မှာ "Teenage Mutant Ninja Turtles" ဇာတ်ကားနဲ့
ရုံ(၃) မှာတော့ "The Expendables 3" တူးဒီအမေရိကန် အက်ရှင်ဇာတ်ကားတို့ကို
ပြသနေပါတယ်။

ရှေ့ဆောင် ရုပ်ရှင်ရုံ(၁) မှာ "Into the Storm" ဇာတ်ကားနဲ့ ရုံ(၂) မှာလည်း "Teenage
Mutant Ninja Turtles" ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "Into the Storm" ဇာတ်ကား၊ ရုံ(၂) မှာ "Teenage Mutant
Ninja Turtles" ဇာတ်ကားနဲ့ 'တိုက်ဆိုင်မှုရှိလျှင်' တို့ကို ရုံတင်ထားတာပါ။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "Guardians of the Galaxy" ဇာတ်ကား၊
'တိုက်ဆိုင်မှုရှိလျှင်' နဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကား "The Captive" တို့ကို ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Mini-theatre မှာတော့ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးထားပြီး မင်းအုပ်စိုး၊
ခင်ဇာခြည်ကျော်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားတဲ့ 'လူရွှင်တော်အိမ်မက်' ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်လာပါတယ်။

 
[