ဒီတစ်ပတ်တော့ သမ္မတ၊ သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)ရဲ့
'သေးသေးလေးပဲလား ကြီးကြီးလား' ဇာတ်ကားကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။
ဒီကားထဲမှာ ရဲအောင်၊ ကျော်ရဲအောင်၊ သီဟတင်စိုး၊ ရဲရင့်ထူး၊ စိုးမြတ် သူဇာ၊ စိုးမြတ်နန္ဒာ၊
ချစ်သုဝေနဲ့ ချမ်းမီမီကို တို့အဓိက သရုပ်ဆောင်တွေအဖြစ် ပါ၀င်ထားကြပါတယ်။
နေပြည်တော် နဲ့ မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာလည်း "Make Me Shudder" သရီးဒီ ထိုင်းသရဲကားကိုပဲ
ဆက်လက်ပြသနေသလို ရှေ့ဆောင်ရုပ်ရှင်ရုံမှာလည်း "Hunger Games: Catching fire" တူးဒီ
အင်္ဂလိပ်အက်ရှင် ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
တော့ရွိုင်ရွယ်ရုပ်ရှင်ရုံမှာလည်း 'သေးသေးလေးပဲလား ကြီးကြီးလား' ဇာတ်ကားကိုဆက်လက်ပြသ
နေပါတယ်။
ဂျန်းရှင်းမော်တင်ရုပ်ရှင်ရုံမှာတော့ 'သေးသေးလေးပဲလား ကြီးကြီးလား' ဇာတ်ကားနဲ့ "Frozen"
သရီးဒီအန်နီမေးရှင်းကာတွန်းဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲလ် ရုပ်ရှင်ရုံမှာတော့
'သေးသေးလေးပဲလား ကြီးကြီးလား' ၊ Frozen သရီးဒီ အန်နီမေးရှင်း ကာတွန်းဇာတ်ကားတို့ကို
ပြသနေတဲ့အပြင် "Tom Yum Goong 2" သရီးဒီဇာတ်ကားကို ပထမဆုံးပတ်အဖြစ် စတင်ပြသ
နေပါတယ်။
နေပြည်တော် ဂျန်းရှင်း minitheatre မှာလည်း ဒါရိုက်တာညီညီထွန်းလွင် ရိုက်ကူးတဲ့
'အလန်းဇယား ၂ ' ဟာသဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပြီး အောင်ရဲလင်း၊ မိုးအောင်ရင်၊
၀တ်မှုန်ရွှေရည်၊ နန်းဆုရတီစိုး၊ မိုးယုစံ၊ ပွင့်နဲ့ တခြားဟာသသရုပ်ဆောင်များစွာက ပါ၀င်
သရုပ်ဆောင်ထားပါတယ်။
