ပြင်သစ်အစားအစာတွေရတဲ့ ရွှေတောင်ကြားလမ်းက Alamanda စားသောက်ဆိုင်

Alamanda စားသောက်ဆိုင်။
Alamanda စားသောက်ဆိုင်။

ပြင်သစ်အစားအစာတွေရတဲ့ ရွှေတောင်ကြားလမ်းက Alamanda စားသောက်ဆိုင်

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ရွှေတောင်ကြားရပ်ကွက်က လမ်းကြားတွေအတိုင်း သွားလိုက်ရင်
အေးချမ်းဆိတ်ငြိမ်တဲ့ နေရာကောင်းတစ်ခုကို တွေ့ရမှာပါ။ အဲဒါကတော့ Alamanda Inn ဆိုတဲ့
နေရာလေးပါ။

အဆောက်အအုံရှိရာ ၀င်းအတွင်းကို ၀င်သွားတဲ့လမ်းတစ်လျှောက်မှာ စက်ဘီးအဟောင်းလေးတွေ
ကို အတန်းလိုက် တွေ့ရမှာပါ။

ပန်ကာတွေ တပ်ဆင်ထားတဲ့ မျက်နှာကျက်မြင့်မြင့်၊ ဟင်းလင်းပွင့်စားသောက်ခန်းနဲ့ အစိမ်းရောင်
အရွက်တွေက အပူပိုင်းဒေသရဲ့ ပတ်ဝန်းကျင်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ခြင်တွေ အနားမသီနိုင်အောင် ပန်ကာလေရတဲ့ စားပွဲကို မရွေးမိဘဲ အစွန်ပိုင်းစားပွဲကို ရွေးထိုင်မိ
တာကတော့ အမှားအယွင်းတစ်ခုလို့ ပြောရမှာပါ။

စားပွဲအောက်မှာ ခြင်ဆေးခွေတွေ ထွန်းထားပေမယ့်လည်း ဆိုးဝါးလှတဲ့ခြင်တွေက ခြေထောက်ကို
တစ်ချိန်လုံး ကိုက်နေကြပါတယ်။

ဒါကြောင့် ညဘက် စားသောက်ဖြစ်တဲ့ အခါမျိုးမှာ ပန်ကာလေရတဲ့ အလယ်ပိုင်းနေရာက စားပွဲ
တွေကို ရွေးချယ်ကြဖို့ အကြံပေးချင်ပါတယ်။

အဲဒီမှာ တည်းခိုနေထိုင်စရာ အခန်းကောင်းကောင်းကို မနက်စာဝန်ဆောင်မှုနဲ့အတူ စီစဉ်ပေးထား
သလို အရသာရှိတဲ့ အစားအစာတွေကိုမှ အားပါးတရ စားသောက်ချင်နေတဲ့သူတွေကိုလည်း အမြဲ
ကြိုဆို ဖြည့်ဆည်းပေးနေပါတယ်။

ဒီဆိုင်မှာ ရနိုင်တဲ့ အစားအစာအများစုက ပြင်သစ်စာတွေဖြစ်ပြီး မော်ရိုကိုအစားအစာ တွေလည်း
မီနူးမှာ တွေ့ရပါတယ်။

မော်ရိုကို အစားအစာတွေထဲမှာ အသားငါးတစ်မျိုးမျိုးနဲ့ အသီးအရွက်တွေ ရောချက်ထားတဲ့
tajine တွေက ကောင်းတယ်လို့ ကျွန်မကို အကြံပြုကြပါတယ်။

Fish tajine (ကျပ် ၁၀,၀၀၀) နဲ့ couscous လို့ခေါ်တဲ့ ဂျုံစေ့ပြုတ် (ကျပ် ၂,၀၀၀) ကို မှာလိုက်
ပါတယ်။ (ဂျုံစေ့ပြုတ်ကို သီးသန့်ပွဲအဖြစ် ချမပေးဘဲ ဟင်းပွဲထဲရောပြီး ချပေးပါတယ်။ ဒါပေမဲ့
မမှာရင်တော့ အဲဒီလိုရမှာ မဟုတ်ပါဘူး။)

ဂျုံစေ့လေးတွေကလည်း နူးညံ့ပျော့ပြောင်းပြီး fish tajine ကလည်း အသားထူတဲ့ ငါးရယ်၊
အသီးအရွက်တွေရယ်၊ တာရှည်ခံအောင် စီမံထားတဲ့ သံပုရာသီး၊ သံလွင်သီးအစိမ်းတွေ ပါ၀င်တဲ့
ဟင်းပွဲကြီးတစ်ပွဲပါ။

အသီးအရွက်အရည်တွေ ဂျုံစေ့ပြုတ်ထဲ စိမ့်ဝင်သွားတဲ့အတွက် ချိုချိုချဉ်ချဉ်နဲ့ အရသာရှိလှပါတယ်။

hunter-style steak

အတူပါလာတဲ့ မိတ်ဆွေကတော့ ပိုပြီးစားကောင်းတဲ့ အသီးအရွက်တွေနဲ့အတူ ချပေးတဲ့ hunter-
style steak (ကျပ် ၈,၅၀၀) နဲ့ အကြော်တစ်ပွဲ (ကျပ် ၂,၀၀၀) ကို မှာလိုက်ပါတယ်။

အသင့်အတင့် ကျက်ရုံချက်ထားတဲ့ အသားတုံးကြီးတွေကို ခရမ်းချဉ်သီးအခြေခံ cacciatore
စတိုင်ဆော့စ်နဲ့ ပြင်ဆင်ပေးထားပါတယ်။

အသားတွေကလည်း အများကြီးပါပြီး အဓိကဟင်းပွဲရဲ့ဘေးမှာ အကြော်ပွဲကို ချထားလိုက်တဲ့အခါ
မှာတော့ ကုန်အောင်စားနိုင်ဖို့ စိန်ခေါ်နေတဲ့ပုံ ပေါက်သွားပါတယ်။

tartine au bleu

ကျွန်မတို့တွေ အဓိကပွဲ မမှာခင်မှာ အမြည်းပွဲ tartine au bleu (ကျပ် ၃,၀၀၀) ကိုလည်း
မှာလိုက်ကြပါသေးတယ်။

ဒါပေမဲ့ အဲဒါက အဓိက ဟင်းပွဲပြီးမှ ရောက်လာပါတယ်။

ဆန့်ကျင်ဘက်အရသာတွေကို ပေါ်လွင်စေဖို့အတွက် အဖြူရောင်ပေါင်မုန့်ကင် ခပ်ကြွပ်ကြွပ်ပေါ်မှာ
အရည်ပျော်နေတဲ့ ဒိန်ခဲပြာနဲ့အတူ အရည်ရွှမ်းနေတဲ့ ခရမ်းချဉ်သီးစိတ်လေးတွေပါ တင်ပေးထားပါ
တယ်။

ဒါပေမဲ့ အဓိကဟင်းပွဲကို စားပြီးမှ စားဖြစ်တာကြောင့် ထင်ပါတယ်။ အမြည်းပွဲက ကျွန်မခံတွင်း
ထဲမှာ သိပ်အရသာမတွေ့လှပါဘူး။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒိန်ခဲပြာ ကတော့ ပေါင်မုန့်ကို စားကောင်းစေတာ အမှန်ပါပဲ။ ဒီစားသောက်ဆိုင်မှာ ဈေးနှုန်းအသင့်အတင့်ရှိတဲ့ ပြင်သစ်အနောက်တောင်ပိုင်းထွက် ဘောဒိုးဝိုင်
မျိုးစုံလည်း ရပါတယ်။

ကျွန်မတို့ မှာထားတဲ့ အစားအစာတွေနဲ့ လိုက်ဖက်တဲ့ Chateau Bel-Air (ကျပ် ၂၃,၀၀၀) ၀ိုင်
ကတော့ သိပ်မပြင်းလှသလို နှစ်ချို့ဝိုင်တွေလို အရသာမျိုးရှိပါတယ်။

ဒီဝိုင်ကတော့ ဒိန်ခဲပြာရဲ့အရသာမျိုးစုံကို ပေါ်လွင်စေသလို နူးညံ့တဲ့ ငါးရဲ့အရသာနဲ့ အနီရောင်
အသားရဲ့ ချိုမြတဲ့အရသာကိုလည်း မပျက်စီးစေပါဘူး။

ဒီဆိုင်က အစားအစာတွေက ကျွန်မအတွက် စားရတာ အဆင်ပြေလှပါတယ်။

အထူးသဖြင့် ဒီဆိုင်က အစားအစာတွေက ပွဲခပ်ကြီးကြီးတွေ ဖြစ်တာကြောင့်ရယ်၊ ဈေးနှုန်းကလည်း
အသင့်အတင့်ဖြစ်တာကြောင့်ရယ် နောက်ထပ်သွားစားဖြစ်ဖို့တော့ သေချာလှပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[