သမ္မတနဲ့ သွင် ရုံတွေမှာ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)ရဲ့ 'သေးသေးလေးပဲလား ကြီးကြီးလား'
ဇာတ်ကားကို ဆက်လက် ရုံတင်ထားပါတယ်။
မင်္ဂလာ(၁)နဲ့ တော့ရွိုင်ရွယ် ရုံမှာတော့ "Enter's Game" တူးဒီအက်ရှင်ဇာတ်ကားကို စတင်ပြသ
နေပါတယ်။
ရှေ့ဆောင် ရုံမှာလည်း "Home Front" တူးဒီအက်ရှင်ကားကို ရုံတင်လာပြီး နေပြည်တော်ရုံ
မှာလည်း "Hunger Games: Catching Fire" တူးဒီဇာတ်ကားကို ရုံတင်လာပါတယ်။
မင်္ဂလာ(၂) ရုံမှာတော့ "Make Me Shudder" သရီးဒီထိုင်းသရဲကားကိုပဲ ဆက်လက် ပြသနေပါ
တယ်။
ဂျန်းရှင်းမော်တင်ရုံမှာတော့ 'သေးသေးလေးပဲလား ကြီးကြီးလား' ဇာတ်ကားနဲ့ "Frozen" သရီးဒီ
အန်နီမေးရှင်းကာတွန်းဇာတ်ကားတို့ကိုပဲ ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံမှာလည်း
'သေးသေးလေးပဲလား ကြီးကြီးလား' ၊ "Tom Yum Goong 2" သရီးဒီ ဇာတ်ကားတို့ကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ 'ဘယ်ကလာလဲ
ဘာလုပ်နေလဲ ဘယ်ကိုသွားမှာလဲ' ဇာတ်ကားကို စတင်ရုံတင်ထားပြီး ရဲတိုက်၊ အဆိုတော် ဂျေးမီ၊
ဖွေးဖွေး၊ မေသန်းနုနဲ့ တခြားသရုပ်ဆောင်များစွာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။
