ဒီတစ်ပတ်တော့ သမ္မတ၊ သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ညီညီထွန်းလွင်
ရိုက်ကူးတဲ့ 'အလန်းဇယား ၂' ဟာသဇာတ်ကားကို စတင်ပြီး ရုံတင်လာပါတယ်။
မိုးအောင်ရင်၊ အောင်ရဲလင်း၊ ၀တ်မှုံရွှေရည်၊ နန်းဆုရတီစိုး၊ မိုးယုစံ၊ ပွင့်နဲ့ တခြား ဟာသ
သရုပ်ဆောင်များစွာ ပါ၀င် သရုပ်ဆောင်ထားပါတယ်။
မင်္ဂလာ(၂) ရုံမှာလည်း "Hobbit 2" သရီးဒီမှော်ကား စတင် ရုံတင်လာပါတယ်။
ရှေ့ဆောင်ရုံမှာတော့ "Home Front" တူးဒီ အင်္ဂလိပ်အက် ရှင်ဇာတ်ကားကိုပဲ ဆက်လက်ပြသ
နေပြီး နေပြည်တော်ရုံ မှာတော့ "Dhoom 3" တူးဒီ အိန္ဒိယဇာတ်ကား စတင်ရုံ တင်လာပါတယ်။
တော့ရွိုင်ရယ်ရုံမှာလည်း 'အလန်းဇယား ၂' စတင် ပြသလာပါတယ်။
ဂျန်းရှင်းမော်တင်ရုံမှာလည်း 'အလန်းဇယား ၂'နဲ့ "Hobbit 2" တို့ကို စတင်ပြသနေပြီး ဂျန်းရှင်းစကွဲ
ရုံမှာတော့ 'အလန်းဇယား ၂' ၊ "Hobbit 2" နဲ့ "Tom Yum Goong 2" သရီးဒီဇာတ်ကားတို့ကို
ရုံတင်ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း minitheatre မှာလည်း အကယ်ဒမီဆုအတွက် ဆန်ခါတင်စာရင်းဝင်နေတဲ့
ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးထားတဲ့ 'အမွေခံထိုက်သူ ဖြစ်ပါစေ' ဇာတ်ကား စတင်ရုံတင်
ထားပါတယ်။
အဓိကပါ၀င်ထားတဲ့ သရုပ်ဆောင်တွေက ကျော်ရဲအောင်၊ နဝရတ်၊ နဒီဝင့်နိုင်၊ မင်းရာဇာနဲ့
အားသစ်တို့ပဲ ဖြစ်ပါတယ်။
