တစ်ပတ်အတွင်း ရုပ်ရှင်

"ကြယ်စင်မော်ကွန်း" ဇာတ်ကား။
"ကြယ်စင်မော်ကွန်း" ဇာတ်ကား။

တစ်ပတ်အတွင်း ရုပ်ရှင်

ဒီတစ်ပတ်တော့ ရုံတင်ပြီးသားဇာတ်ကားတွေပဲ ဆက်ပြီးပြသနေတာ များပါတယ်။ သမ္မတနဲ့ သွင်
ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'အလန်းဇယား ၂' ဟာသဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။

ဒီကားထဲမှာ မိုးအောင်ရင်၊ အောင်ရဲလင်း၊ ဗေလုဝ၊ ၀တ်မှုံရွှေရည်၊ နန်းဆုရတီစိုး၊ မိုးယုစံ၊ ပွင့်နဲ့
တခြား ဟာသသရုပ်ဆောင်များစွာ ပါ၀င် သရုပ်ဆောင်ထားကြတာပါ။

မင်္ဂလာ (၂) ရုံမှာလည်း "Hobbit 2" သရီးဒီမှော်ကားကိုပဲ ပြသနေပြီး နေပြည်တော်ရုံမှာလည်း
"Dhoom 3" တူးဒီ အိန္ဒိယဇာတ်ကားကိုပဲ ဆက်ပြီးပြနေပါတယ်။

ရှေ့ဆောင်ရုံမှာလည်း 'ကြယ်စင်မော်ကွန်း' ဇာတ်ကားကို ဒုတိယအပတ်အဖြစ် ဆက်လက်ပြသ
နေပြီး ဒီကားထဲမှာ လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ ရန်အောင်၊ ရဲအောင်၊
အောင်ခိုင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ပန်းဖြူ၊ တင့်တင့်ထွန်း စတဲ့သရုပ်ဆောင်
တွေ ပါ၀င်ထားပါတယ်။

တော့ရွိုင်ရယ်ရုံမှာတော့ 'ကြယ်စင်မော်ကွန်း' ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

ဂျန်းရှင်းမော်တင်ရုပ်ရှင်ရုံမှာတော့ 'အလန်းဇယား ၂' နဲ့ "Hobbit 2" သရီးဒီဇာတ်ကားတို့ကို
ဆက်လက် ပြသနေပြီး ဂျန်းရှင်းစကွဲ ရုံမှာတော့ 'အလန်းဇယား ၂' နဲ့ "Hobbit 2" တို့အပြင်
'ကြယ်စင်မော်ကွန်း' ကိုလည်း ရုံတင်ထားပါတယ်။

နေပြည်တော်၊ ဂျန်းရှင်း minitheatre မှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့
'အထာသစ်နဲ့ နှစ်ခါချစ်မယ်' ဇာတ်ကား စတင်ရုံတင်လာပြီး ဒီကားထဲမှာ ရန်အောင်၊ မင်းမော်ကွန်း၊
နေတိုး၊ စိုးမြတ်သူဇာ၊ ချစ်သုဝေ၊ ၀တ်မှုံရွှေရည်၊ ကြည်လဲ့လဲ့ဦး တို့အပြင် အခြားဟာသ
သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

 
[