ညောင်ရွှေမြို့က စားကောင်းသောက်ဖွယ်ရာများ

ညောင်ရွှေမြို့က စားကောင်းသောက်ဖွယ်ရာများ

ညောင်ရွှေမြို့ကို ကျွန်မ နောက်ဆုံးအကြိမ် ရောက်ခဲ့ဖူးတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ အခု
တစ်ခေါက် ကျွန်မသွားဖြစ်တော့ အစစအရာရာ တိုးတက်ပြောင်းလဲနေတာကိုတွေ့ရပြီး နေရာတွေ
ကို သိပ်တောင် မမှတ်မိချင်ပါဘူး။

ဒါပေမဲ့ မြို့ကလေးရဲ့ ဖွဲ့စည်းပုံက ရှင်းလင်းလှသလို လမ်းပေါ်မှာ လူတွေကလည်း သိပ်မများတဲ့
အတွက် လမ်းတစ်ဖက်ထိပ်ကနေ နောက်တစ်ဖက်ထိပ်ကို ငါးမိနစ်လောက်ပဲ လျှောက်ရပါတယ်။

အရင်သုံးနှစ်လောက်တုန်းက ကျွန်မ ရောက်လာဖြစ်တဲ့ အချိန်တုန်းကဆိုရင် အပျံစား ဘားဆိုင်
တွေနဲ့ အစားအသောက်ကောင်းတွေရတဲ့ စားသောက်ဆိုင် ခပ်ကောင်းကောင်းတွေ မရှိသေးပါဘူုး။

ခုတော့ ဒီမြို့လေးမှာ အဲဒီလို ဆိုင်မျိုးတွေ အများကြီးရှိနေပါပြီ။ ဒီလိုမျိုး အပြောင်းအလဲတွေ
ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်မအကြိုက် ရှမ်းခေါက်ဆွဲဆိုင်တွေ ပျောက်ဆုံးကုန်ပြီလား
လို့တောင် စိတ်ပူသွားမိပါတယ်။

ဒါကြောင့် ဒေသအစားအစာတွေ ရှိမယ့်နေရာကို ကျွန်မ အရင်ဆုံး လိုက်ရှာလိုက်ပါတယ်။ ဒေသခံ
တွေရဲ့ ရိုးရာ မနက်စာဖြစ်တဲ့ တို့ဟူးနွေးနဲ့ အသုပ်တွေ အရင်လိုပဲရတဲ့ မူဆယ်စားသောက်ဆိုင်ကို
ရှာတွေ့သွားတဲ့အတွက် ကျွန်မလည်း တော်တော်လေးကို ၀မ်းသာသွားပါတယ်။

တို့ဟူးနွေး နှစ်ပွဲ၊ ကော်ဖီ နှစ်ခွက်နဲ့ စံပယ်ရနံ့ပါ လက်ဖက်ရည်ကြမ်းခွက်ပေါင်းများစွာ သောက်ပြီး
တဲ့နောက်မှာတော့ ကုန်ကျစရိတ်က ကျပ် ၁,၅၀၀ ပဲ ကျပါတယ်။

တချို့ကိစ္စတွေအတွက် အရာအားလုံး ပြောင်းလဲမသွားဘူးဆိုတာကို သိလိုက်ရတဲ့အတွက်
ကျွန်မတို့တွေကို အတော်လေး ပျော်ရွှင်စေပါတယ်။

အဲဒီညမှာပဲ ကျွန်မမေ့မရတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

အဲဒါကတော့ View Point Lodges စားသောက်ဆိုင်မှာပါ။ စပိန်အမြည်းပွဲတွေ (ကျပ် ၆၀,၀၀၀
လောက်နဲ့ တစ်ညလုံး နှစ်ယောက်အဝ အပြဲစားနိုင်တဲ့) စပိန်အမြည်းပွဲ tapas mix ကို ရွေးချယ်ခဲ့
ပြီးတဲ့နောက်မှာ ဒေသခံရှမ်းတွေဟာ ဥရောပနဲ့ အာရှစတိုင်ပေါင်းစပ်ထားတဲ့ ဟင်းချက်နည်းတွေကို
ချက်ပြုတ်နိုင်တယ်ဆိုတာကို ၀မ်းမြောက်စွာ သိရှိခဲ့ရပါတယ်။

နှမ်း၊ မြေပဲ၊ သံပရာရည်တွေ ထည့်ပြီး သုပ်ထားတဲ့ ခရမ်းချဉ်သီးအစိမ်းသုပ်ကတော့ ကောင်းမှ
ကောင်းလို့ ပြောရမှာပါ။

အနံ့အရသာ ပြင်းပေမယ့် ချဉ်ငန်စပ်အရသာ မျှမျှတတပါ၀င်တဲ့ မန်ကျည်းရည်တို့စရာနဲ့အတူ
လာချပေးတဲ့ ကြက်တောင်ပံကြော်၊ ရွှေဖရုံသီးနဲ့ ၀က်သား လုံးကြော်တွေကိုလည်း ကျွန်မ အားရ
ပါးရ စားသောက်ခဲ့ပါသေးတယ်။

အချိုပွဲကို ထပ်စားနိုင်သေးပေမယ့်လည်း တခြားဆိုင်တွေမှာလည်း ထပ်မြည်းစမ်းစားသောက်
ကြည့်ချင်သေးတာကြောင့် ကျွန်မတို့ အချိုပွဲ မမှာကြတော့ပါဘူး။

ဗိုက်နည်းနည်း ချောင်သွားအောင် တံတားကိုဖြတ်ပြီး မြို့တစ်ဖက်ကို လမ်းလျှောက်ထွက်ခဲ့ကြပါ
တယ်။ ဒီမြို့ မှာ ညဉ့်နက်ပိုင်းအထိ အသင့်အတင့်ရောင်း ကောင်းနေတဲ့ ဘီယာဆိုင်တွေနဲ့
ကဖီးဆိုင်တွေကို လမ်းတစ်လျှောက် တွေ့ခဲ့ရပါတယ်။

တစ်နေ့တာအတွက် နောက်ဆုံးပိတ်အနေနဲ့ တကယ် ဗိုက်ပြည့်သွားစေတဲ့ အစားအစာကတော့
French Connection က ဂျုံမပါတဲ့ ချောက လက်ကိတ်တစ်ချပ်နဲ့ rose-infused tea တစ်ခွက်
(စုစုပေါင်း ကျပ် ၈,၀၀၀)ပဲ ဖြစ်ပါတယ်။

ဗိုက်ပြည့်သွားပြီဖြစ်တဲ့အတွက် ညောင်ရွှေရဲ့ အေးမြလတ်ဆတ်တဲ့လေကို အရသာခံဖို့ တည်းခိုခန်း
မှာ အေးအေးလူလူ လဲလျောင်းရင်းနဲ့ ကျွန်မ အပန်းဖြေ အနားယူနေလိုက်ပါတယ်။

 
[