ဒီတစ်ပတ်တော့ သမ္မတ၊ သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတို့မှာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးတဲ့
"အမွေခံထိုက်သူဖြစ်ပါစေ" ဇာတ်ကားနဲ့ မင်္ဂလာ(၂) ရုံမှာလည်း Believe" တူးဒီ ဇာတ်ကားကို
စတင်ပြသနေပါတယ်။
ရှေ့ဆောင်ရုံမှာတော့ "ကြယ်စင်မော်ကွန်း" ဇာတ်ကားကိုပဲ ဆက်လက်ပြသနေပါတယ်။
နေပြည်တော်ရုံမှာတော့ "47 Ronin" သရီးဒီ ဂျပန် ဆာမူရိုင်း ဇာတ်ကားကို စတင်ရုံတင်
လာပြီး တော့ရွိုင်ရွယ်၊ ရုပ်ရှင်ရုံ မှာလည်း 'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားကို စတင်ပြသနေ
ပါတယ်။
ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံမှာတော့ "အမွေခံထိုက်သူဖြစ်ပါစေ" ဇာတ်ကားနဲ့ ဂျက်ကီချန်း ပါ၀င်
သရုပ်ဆောင်ထားတဲ့ "Police Story" ဇာတ်ကားတို့ကို စတင်ပြသနေပြီး ဂျန်းရှင်းစကွဲ
ရုပ်ရှင်ရုံမှာတော့ "အမွေခံထိုက်သူ ဖြစ်ပါစေ" ၊ "Police Story" ဇာတ်ကားတို့အပြင် "Tarzan"
သရီးဒီ ဇာတ်ကားကိုလည်း စတင်ရုံတင်လာပါတယ်။
နေပြည်တော် ဂျန်းရှင်း minitheatre မှာတော့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက်ကူးတဲ့
"၃၉ ဗိုက်ပူ" ဇာတ်ကားကို စတင်ရုံတင်လာပြီး နေတိုး၊ ဝေဠုကျော်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊
၀တ်မှုံရွှေရည်၊ ချောရတနာနဲ့ အခြားဟာသသရုပ်ဆောင် များစွာ ပါ၀င်သရုပ်ဆောင်ထားတဲ့
ဇာတ်ကားပဲဖြစ်ပါတယ်။
